Connect with us

Local

အမေရိကန် တစ်ဒေါ်လာ ၁,၂၈၅ ကျပ်အထိ မြင့်တက်လာ

အမေရိကန် ဒေါ်လာများ ( ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် ဒေါ်လာဈေးဟာ တစ်ဒေါ်လာကို ၁,၂၄၆ ကျပ်မှ တစ်ဒေါ်လာကို ၁,၂၈၅ ကျပ်အထိ ၈ ရက်အတွင်း မြင့်တက် လာခဲ့ကြောင်း ဒေါ်လာဈေးကို စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက ဆင်ဟွာကို ယနေ့ ပြောကြား သည်။

ဗဟိုဘဏ်မှလည်း ဈေးဖွင့်သည့် ဈေးသည် ပုံမှန် မြင့်ခဲ့ပြီး ယနေ့တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ၁,၂၆၆ ကျပ် နှင့် ဈေးဖွင့် ခဲ့သည်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ဒေါ်လာဈေးက တည်ငြိမ် သွားတာ တစ်လလောက် ရှိပြီ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ သီတင်းပတ် အင်္ဂါနေ့ လောက်မှာ ဈေးကွက် လှုပ်သွားတာ ဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ်သည် မြန်မာ တစ်နိုင်ငံတည်းမှာ မဟုတ်ဘဲ ဒေသတွင်း နိုင်ငံ တော်တော်များများမှာ လှုပ်သွားတာ ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်က ပြောသည်။

ဦးဆက်အောင်က “အမေရိကန် နိုင်ငံဟာအခု ၂ဝ၁၅ စက်တင်ဘာမှာ သူတို့ရဲ့ အတိုးနှုန်းကို တက်မယ် ဆိုပြီး စီစဉ်ထားတဲ့ မူဝါဒကို ပြန်စဉ်းစားစရာတွေ ဖြစ်သွားပါတယ်။ ဒီအတိုးနှုန်း တက်လိုက်ရင် အမေရိကန် ဒေါ်လာဈေး ပိုမာသွား နိုင်ပြီး တရုတ်ယွမ်ကလည်း လျှော့ချထားတော့ ကုန်သွယ်မှုပိုင်းမှာ ပိုပြီးတော့ နစ်နာမှုတွေ ဖြစ်သွား နိုင်ပါတယ်။ တရုတ်ငွေကြေးကို လျှော့ချ လိုက်တဲ့အတွက် တော်တော်များများ နိုင်ငံတွေရဲ့ ငွေကြေးတွေကလည်း ကျလာပါတယ်။ အင်ဒိုနီးရှား ရူပီးနဲ့ မလေးရှား ရင်းဂစ် တွေက တော်တော် ကျသွားပါတယ်။ အဲ့ဒါကြောင့် မြန်မာ ငွေလည်း ရိုက်ခတ်မှု ရှိပါတယ်’’ ဟု ပြောသည်။

အဓိက ကတော့ တရုတ်ပြည်က ယွမ်ငွေကြေးကို လျှော့ချတဲ့ (Devaluation) ဖြစ် တာကြောင့် ပါတာ ပေါ့။ နိုင်ငံ တော်တော်များများက စီးပွားရေး လှုံ့ဆော်မှု (Economic stimulus) တွေသုံးပြီး ငွေကြေး တန်ဖိုးတွေ လျှော့ချ လာတဲ့အချိန်မှာ တရုတ်ယွမ်ငွေက တည်ငြိမ်နေ ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပို့ကုန် အခြေခံတဲ့ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒကို အားမကိုးတော့ဘဲ ပြည်တွင်းသုံး စွဲမှုကို အခြေခံတဲ့ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒကို အကောင် အထည် ဖော်ဆောင်လာတဲ့အတွက် အခြားနိုင်ငံငွေကြေးတွေ ကျဆင်းအောင် ပြုလုပ်နေတဲ့အချိန်မှာ မာနေတဲ့ တရုတ်ငွေကြေးကို မချဘဲ တည်ငြိမ်အောင် ပြုလုပ်နေတယ်လို့ ထင်ကြေး ပေးခဲ့ကြပါတယ်။ နိုင်ငံတော်တော် များများက မိမိတို့ ငွေကြေးကို လျှော့ချလာတဲ့ အတွက် ကမ္ဘာမှာ ငွေကြေး စစ်ပွဲ (Currency War) များ ဖြစ်နေပြီလား ဆိုပြီး ထင်ကြေး ပေးတဲ့သူများလည်း ရှိပါတယ်။ အခုတော့ တရုတ်နိုင်ငံဟာ အဲဒီ ငွေကြေး စစ်ပွဲထဲကို ပါဝင်လာပြီ ဖြစ်တယ်လို့ ပြောနေကြပါတယ်။ တရုတ် ငွေကြေးကျဆင်း လာတဲ့အတွက် အမေရိကန် နိုင်ငံက ခေါင်းကိုက်နေရ ပါတယ်။ အမေရိကန် ငွေကြေးက မာလာတဲ့အချိန်မှာ တရုတ် ငွေကြေးကျ သွားတော့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးမှာ နစ်နာမှုတွေ ကြုံတွေ့ရမှာ ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ ညနေဘက်တွင် တစ်ဒေါ်လာကို ကျပ် ၁,၂၈၅ ရှိပြီး၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၁၈ ဒေါ်လာ ရှိကာ၊ မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၅၅,၀၀၀ ရှိပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.