Local
ပြည်တွင်း အလုပ်အကိုင် ၁၉၀,၀၀၀ ကျော်အား တစ်နှစ်တာ ကာလ အတွင်း ဆောင်ရွက်ပေးခဲ့

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်း အလုပ်အကိုင် ၁၉၆,၄၂၄ အား ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ အတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန် ရှင်းလင်းမှု အရ သိရသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာတွင် ပြည်ထောင်စု နယ်မြေ နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် အလုပ်ရရှိမှု အခြေအနေမှာ အစိုးရ အလုပ်အကိုင် ၁၂၉၈၄ ၊ ပုဂ္ဂလိက အလုပ်အကိုင် ၁၈၃,၄၄၀ တို့ရှိကြောင်း သိရသည်။
ယခု ၂၀၁၇ နှစ်အတွင်း ပြည်တွင်း အလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System စနစ်ဖြင့် အွန်လိုင်းမှ တဆင့် ဆောင်ရွက်ပေးခြင်း တို့အား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)