Connect with us

Local

စီမံကိန်း နှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး နှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် ကဏ္ဍပေါင်း ၈ခုကျော်ဆွေးနွေးနိုင်ခဲ့

စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ကုန်သည်စက်မှုအသင်းချုပ်)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ရေတို၊ ရေရှည် စိန်ခေါ်ချက်များကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ တွေ့ဆုံညှိနှိုင်းလျက်ရှိရာ ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် ဝါးတန်းလမ်းကုန်စည်ဒိုင် အဆင့်မြှင့်တင်ရေးမှစပြီး ကုန်ပစ္စည်း HS Code များ ပြင်ဆင်သတ်မှတ်ရေးအထိ လုပ်ငန်းကဏ္ဍပေါင်း (၈) ခု ကျော်၏ အခက်အခဲများကို ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

အဓိကအားဖြင့် မွေးမြူရေး၊ သစ်သီးဝလံ၊ ဆန်စပါး၊ လက်မှုလုပ်ငန်းနှင့် ဆီစက်လုပ်ငန်းကဏ္ဍများတွင် တွေ့ကြုံနေရသည့် လတ်တလော အခက်အခဲများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သည်များကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများက တင်ပြဆွေးနွေးခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအပြင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အပြန်အလှန်ညှိုနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “မွေးမြူရေးလုပ်ငန်းရှင်များအား မွေးမြူရေးဇုန်များ၊ အအေးပေးရုံများ နယ်စပ်ဒေသနှင့် ပြည်နယ်တိုင်းများတွင် တည်ဆောက်ခွင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ အမြန်ဆုံးတင်ကြပါ၊ ကုမ္ပဏီများ ပူးပေါင်းသည့် ပုံစံ (Consortium) ဖြင့်ဆောင်ရွက်စေလိုပြီး မြေနေရာနှင့် အခြားလိုအပ်ချက်များအတွက် သက်ဆိုင်ရာ ဒေသအစိုးရများနှင့် ညှိနှိုင်းပေးမည်’’ ဟုပြောသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးကဏ္ဍတွင် ဖရဲသီးနှင့် သခွားသီး မှလွဲ၍ ကျန်သီးနှံများ ပြည်တွင်းထုတ်လုပ်မှုကျဆင်းနေကြောင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။

အဓိကအကြောင်းရင်းများအနေဖြင့် ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးသွင်းအားစုများ ဈေးကြီးနေခြင်းနှင့် ရင်းနှီးမြှုပ်နှံရန် တောင်သူများ၌ ငွေကြေးမလုံလောက်ခြင်းကြောင့်ဟု ၎င်းကပြောသည်။

အသင်းအနေဖြင့် သီနှံအလိုက် အထူးဇုန်များ ထူထောင်ရန် ဆောင်ရွက်ချင်ကြောင်း၊ လက်ရှိအနေဖြင့် ကျိုက်ထိုမြို့တွင် ကျွဲကော ဧက ၈၀၀ ခန့်စိုက်နေပြီး သိုလှောင်ထုတ်ပိုးရုံများ တည်ဆောက်ထားကြောင်း၊ ဟဲဟိုးမြို့တွင် ပဲနှင့် ထောပတ်သီး အထူးဇုန်လုပ်မည့် အစီအစဉ်ရေးဆွဲထားကြောင်း တင်ပြသည်။

ဖရဲသီးနှင့် သခွားသီးများကို တောင်သူများထံမှ ဝယ်ယူပြီး နိုင်ငံခြားနှင့် ပြည်တွင်းဈေးကွက်သို့ ထိရောက်စွာ ပို့ဆောင်နိုင်ရေး အသင်းက ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးက တိုက်တွန်းသည်။ တောင်သူများ နှင့် Agro-business များ ချိတ်ဆက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.