Connect with us

Local

မြန်မာနိုင်ငံ၌ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့နိုင်ရန် ကန်ဒေါ်လာ သန်း ၁၀၀ အား ကမ္ဘာဘဏ်မှ ချေးငွေ အဖြစ် ပေးအပ်သွားမည်

၁၆ ခုနှစ်မှာ သတင်းသမားတွေဘယ်နှစ်ယောက် အသတ်ခံခဲ့ရသလဲ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ပြည်သူများ ၊ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အကျိုးပြုနိုင်မည့် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် မြန်မာနိုင်ငံ အစိုးရအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ အဖြစ် ပေးအပ်သွားမည်ဟု ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ အတည်ပြု လိုက်ကြောင်း ယနေ့ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုချေးငွေ၏ သက်တမ်းမှာ ၃၈ နှစ် ဖြစ်ပြီး ချေးငွေ ပြန်ဆပ်ရန် ဆိုင်းငံ့ ကာလ ၆ နှစ် ရရှိမည် ဖြစ်ပြီး အတိုးမဲ့ နှစ်ရှည် ချေးငွေ ဖြစ်ပြီး ချေးငွေသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် အထူး ရည်ရွယ်ထားသည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့၏ ရန်ပုံငွေမှ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသည် ခိုင်မာ အားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေး ကဏ္ဍတစ်ရပ်ကို ဖော်ဆောင် မြှင့်တင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်နိုင်ငံလုံးတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ တိုးချဲ့နိုင်ရန် ၊ ချေးငွေ နှင့် ငွေရေးကြေးရေး ဝန်ဆောင်မှု အမျိုးမျိုးကို တိုးတက် ရရှိနိုင်စေရန် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုင်းပြည်၏ တိုးတက်ရန် အားယူနေသည့် အသေးစား ငွေချေး လုပ်ငန်းများနှင့် အာမခံ လုပ်ငန်း ကဏ္ဍများကိုလည်း မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုးနဲ့အသေးစား ချေးငွေတွေကို ရရှိနိုင်လာမှာ ဖြစ်ပါတယ်။ချေးငွေတွေ ပိုရရှိလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းတွေကို တိုးချဲ့လာနိုင်မှာ ဖြစ်ပြီး ဒါဟာ ဝင်ငွေတွေ ပိုမို တိုးတက်လာဖို့အခွင့်အလမ်း တစ်ခု ဖြစ်သလို လူတွေကိုလည်း အလုပ်တွေ ပေးနိုင်ပါလိမ့်မယ်။တောင်သူ လယ်သမားတွေ ၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ ၊ ဝင်ငွေ နည်းပါးတဲ့ မိသားစုတွေ အားလုံး အကျိုးခံစားရမှာ ဖြစ်ပါတယ်။”ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင် အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍသည် တိုင်းပြည်၏ တိုးတက်လျက် ရှိသည့် စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် မဖြည့်ဆည်း ပေးနိုင်သေးဘဲ ကမ္ဘာပေါ်တွင် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ အသုံးပြုနိုင်မှုတွင် နောက်အကျဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲ ဖြစ်ကြောင်း ၊ အရွယ်ရောက်ပြီးသူများ အားလုံး၏ ၃၀ ရာခိုင်နှုန်း အောက်သာ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ရရှိကြကာ ကျေးလက် ဒေသများတွင် ထိုထက်ပင် ပိုမို နည်းပါးသေးကြောင်း ၊ စီးပွားရေး လုပ်ငန်းများ အတွက် အကြီးဆုံးသော အခက်အခဲ အတားအဆီးတစ်ခုမှာ ငွေကြေးအရင်းအနှီး ရရှိရန် ခက်ခဲသည့် အပိုင်းပင် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောကြားကြကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.