Connect with us

Local

တရုတ် နိုင်ငံ စီးပွားရေး ပညာရှင်ပါမောက္ခ မှ မြန်မာ နိုင်ငံ ၏ စီးပွားရေး သည်လျင်မြန်စွာ ဖွံဖြိုးတိုးတက် လာနိုင်ကြောင်း ပြောကြား

ပါမောက္ခ ချောင်ယွမ်ကျိန်း (Cao Yuanzheng) မှ ဒီဇင်ဘာ ၂၀ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Shangri-La ဟိုတယ်၌ ကျင်းပ သည့် ဟောပြောပွဲတွင် ဟောပြော ပို့ချနေစဉ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော်ဘဏ် အပြည်ပြည်ဆိုင်ရာ သုတေသန ကုမ္ပဏီ ဒါရိုက်တာ ၊ တရုတ် နိုင်ငံ ပြည်သူ့တက္ကသိုလ် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေး မဟာဗျူဟာ သုတေသန ဌာန အဆင့်မြင့် သုတေသီ ၊ တရုတ် နိုင်ငံ ပြည်သူ့တက္ကသိုလ် ပါမောက္ခ ချောင်ယွမ်ကျိန်း (Cao Yuanzheng) မှ ဒီဇင်ဘာ ၂၀ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Shangri-La ဟိုတယ်၌ ကျင်းပ သည့် ဟောပြောပွဲတွင် မြန်မာ နိုင်ငံ ၏ စီးပွားရေး သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

ဟောပြောပွဲတွင် ပါမောက္ခ ချောင်ယွမ်ကျိန်း က မြန်မာ နိုင်ငံ၏ အနာဂတ် စီးပွားရေး တိုးတက်မှုသည် လွန်စွာကောင်းမွန်သည့် အခြေအနေတွင် ရှိပြီး လက်ရှိချိန်တွင် အာဆီယံ တွင် သတ္တမ အကြီးဆုံး စီးပွားရေး အသိုက်အဝန်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ၏ လက်ရှိ စီးပွားရေး အခြေအနေသည် တရုတ် နိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်း အမြန်ဆုံးချိန်နှင့် တူညီသည့် အခြေအနေတွင် တည်ရှိကြောင်း ၊ မြန်မာ နိုင်ငံ ၏ GDP တိုးတက်မှု နှုန်းသည် ၂၀၁၅ ခုနှစ်တွင် ၇ ရာခိုင်နှုန်းရှိခဲ့ပြီး အာဆီယံ နိုင်ငံ များ၏ ပျမ်းမျှ GDP တိုးတက်မှု နှုန်းမှာ ၄.၅ ရာခိုင်နှုန်းထက် လွန်စွာ မြှင့်မားကြောင်း ၊ ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် မြန်မာ နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၈.၆ ရာခိုင်နှုန်း အထိ ရောက်ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၊ တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် G-20 အစည်းအဝေး မှ ချမှတ်ခဲ့သည့် ၂၀၃၀ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် တွင်လည်း မြန်မာ နိုင်ငံ ပါဝင်ကြောင်း ၊ ကုလသမဂ္ဂ မှလည်း မြန်မာ နိုင်ငံ သည် မကြာမီ အဆင်းရဲ နိုင်ငံ များစာရင်းမှ လွတ်မြောက်နိုင်မည် ဟု မျှော်မှန်းထားကြောင်း စသည့်တို့ကို ထည့်သွင်း ပြောကြား ခဲ့သည်။

ပါမောက္ခ ချောင်ယွမ်ကျန်း က “တရုတ် နိုင်ငံ စီးပွားရေး အလားအလာ နှင့် အနာဂတ် မူဝါဒ သဘောထား” ဟူသည့် ခေါင်းစဉ် ဖြင့် လက်ရှိ တရုတ် နိုင်ငံ စီးပွားရေး အခြေအနေများ ၊ အနာဂတ် စီးပွားရေး အလားအလာများ ၊ တရုတ် နိုင်ငံ အနာဂတ် စီးပွားရေး မူဝါဒ သဘောထား များ နှင့် ခေတ်သစ်ပိုးလမ်းကြီး ၏ အရေးပါပုံ စသည့် တရုတ် နိုင်ငံ စီးပွားရေး နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ပြန့်စွာ ဟောပြောပို့ချပေး ခဲ့သည်။

ယခုအကြိမ် ပြုလုပ်သည့် ဟောပြောပွဲကို မြန်မာနိုင်ငံရှိ တရုတ် ကုန်သည်များအသင်းမှ ဦးစီးဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ပြီး တရုတ် နိုင်ငံတော်ဘဏ် ရန်ကုန် ကိုယ်စားလှယ် ဌာန မှ ပူးတွဲ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ဟောပြောပွဲသို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံမှူး ထျန်ဆန်ထင် ၊ မြန်မာနိုင်ငံရှိ တရုတ် နိုင်ငံ ကုန်သည်များအသင်း ဥက္ကဋ္ဌ ၊ မြန်မာ နိုင်ငံ ရှိ ကျဲ့ကျန်း ကုန်သည်များ အသင်း ဥက္ကဋ္ဌ နှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ၊ ကုမ္ပဏီ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.