Connect with us

Local

နိုင်ငံတော် စီမံကိန်း တစ်ရပ်အဖြစ် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား ဆောင်ရွက် သွားမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား နိုင်ငံတော် စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ယနေ့ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော် ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ယနေ့ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ပြီးစီးပါက မြန်မာနိုင်ငံသို့ အဓိက ဝင်ပေါက်ဖြစ်သည့် Major Gate Way ဖြစ်လာမည် ဖြစ်သည့်အတွက် နိုင်ငံ တကာလေ ကြောင်းလိုင်းများ Operation ပြုလုပ်ရာတွင်လည်း အဆင်ပြေ လာမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုစီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ် သကဲ့သို့ စနစ်တကျ ဖြစ်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီးအစိုးရများ အနေဖြင့် တာဝန်ယူ ဆောင်ရွက် သွားရမည့် အပိုင်းအလိုက် တာဝန်ကျေပွန်ရန် နှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် စံနမူနာ စီမံကိန်း ကြီးဖြစ် လာစေရန် အလေး အနက်ထား ဆောင် ရွက်ပေးကြရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောကြားခဲ့သည်။

ဟံသာဝတီလေ ဆိပ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အထောက် အကူ ဖြစ်စေမည့် အနာဂတ်အတွက် မရှိမဖြစ်လိုအပ်သည့် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်ကြောင်း၊ စီမံကိန်းအား ၂၀၁၂ ခုနှစ်က တင်ဒါခေါ် ယူဆောင်ရွက်ခဲ့သည့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့် (PPP) စနစ်ကို အခြေခံသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.