Connect with us

Local

ရတနာမြေ လေးခုအတွက် ကျောက်မျက် လုပ်ကွက်များ ခွင့်ပြုပေးရန် လျှောက်ထားနိုင်

နေပြည်တော်တွင် ကျင်းပခဲ့သော (၅၂ ) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ရတနာမြေ လေးခုတွင် ကျောက်မျက် ရတနာ ဖော်ထုတ်မည့် လုပ်ကွက်အသစ်များ လုပ်ကိုင်ခွင့် ပြုမည် ဖြစ်သည့် အတွက် လျှောက်လွှာများ ပေးပို့နိုင်ကြောင်း ကျောက်စိမ်း လုပ်ငန်းကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ကျောက်မျက် လုပ်ကွက် အသစ်တွေကို ဖော်ထုတ်ပေးမည့် ရတနာနယ်မြေ ၄ ခုက မိုင်းရှူး ရတနာ နယ်မြေ၊ နန့်ယားဆိပ် ရတနာ နယ်မြေ၊ ခန္တီး ရတနာ နယ်မြေ၊ မိုးညှင်းဒေသ ( မော်လူး၊ မော်ဟန်ဒေသ) ရတနာမြေတို့ ဖြစ်သည်။
ဦးမင်းသူက “လုပ်ကွက် အရေအတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာ မဟုတ်ဘူး။ လျှောက်ထားတဲ့ သူတွေက သူ့နေရာ အလိုက် ကိုယ်ဘယ်နေရာမှာ အကျယ်အဝန်း ဘယ်လောက်ကို တူးမယ် ဆိုတာကို လျှောက်ထားရမှာ။ အဲ့ဒါကို စိစစ်ပြီး ခွင့်ပြု ပေးမှာဖြစ်တယ်’’ ဟု ပြောသည်။

နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းများ အနေဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေနှင့်အညီ ကျောက်မျက် ရတနာတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် လျှောက်လွှာများကို ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်း ကော်မတီသို့ ကျောက်မျက် ရတနာ ဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်လွှာများ တင်သွင်းရန် အဆိုပါ ကော်မတီမှ ကြေညာချက် ထုတ်ပြန်ထားသည်။

လျှောက်လွှာများကို ဇူလိုင်လ ၁၃ ရက်နေ့ မှ အောက်တိုဘာလ ၁၉ ရက် နေ့အထိ မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် နေပြည်တော်သို့ ဥပဒေ နှင့်အညီ မှတ်ပုံတင်ကြေးများ တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ရတနာ ဖော်ထုတ် လုပ်ကွက်သစ်များ အတွက် အာမခံစပေါ်ငွေ ကျပ်၁၀ သိန်း နှင့် ကွင်းဆင်း စစ်ဆေးရေး စရိတ် ကျပ ်၅၀,၀၀၀ ကို ပေးသွင်းရမည် ဖြစ်ပြီး လုပ်ကွက်သစ် လျှောက်ထားသည့် နေရာကို ကန့်သတ်ထားသည့် နေရာများနှင့် လွတ်ကင်းမှု ရှိမရှိ စစ်ဆေး၍ လုပ်ကိုင်ခွင့် ချပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.