Connect with us

Local

ရန်ကုန် မြို့သစ် စီမံကိန်း ပရောဂျက် ပြန်စရန် တင်ဒါ ခေါ်ယူ

ရန်ကုန်မြို့ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

လွှတ်တော်က ပြန်လည် ခွင့်ပြုပြီးတဲ့နောက် ရန်ကုန်မြို့သစ် ချဲ့ထွင်ရေး ဒုတိယ ဦးစားပေး ရန်ကုန် အနောက်ပိုင်းမြို့သစ် စီမံကိန်း စတင်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က တင်ဒါခေါ်ယူ ထားကြောင်း သိရသည်။

နိုင်ငံသား လုပ်ငန်းရှင်များမှ တနင်္လာနေ့မှ စတင်၍ တင်ဒါ လျှောက်ထားနိုင်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် တင်ဒါ ပိတ်မည်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြေညာထား ပါသည်။

အဆိုပါမြို့သစ် စီမံကိန်းသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ဒီဇိုင်း ရေးဆွဲထားသော မဟာရန်ကုန် ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း-၂၀၄၀ ထဲက တစ်ခု ဖြစ်ပါသည်။

ယခု စီမံကိန်း အသစ်သည် ရန်ကုန်မြို့ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးလမ်း၊ ပန်းလှိုင်မြစ်နှင့် တွံတေး-ရန်ကုန် တူးမြောင်း အတွင်းက ၁၁,၇၁၆ ဧက အကျယ်ပေါ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။

အဆိုပါ ပရောဂျက်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ပထမဆုံး ထုတ်ဖော် ပြောခဲ့ပြီး ပရောဂျက် အကောင်အ ထည်ဖော်ရေး ပွင့်လင်းမြင်သာမှု အားနည်းခဲ့သောကြောင့် ဝေဖန်ခံခဲ့ရပြီး စက်တင်ဘာလတွင် ပြန်လည် ဆန်းစစ်ဖို့ ဆိုင်းငံ့ ခံထားရတာ ဖြစ်ပါသည်။

ရန်ကုန် မြို့သစ် တိုးချဲ့တည်ဆောက်ရေး ပရောဂျက်အတွက် ပုဂ္ဂလိက ရင်းနှီး တည်ဆောက်သူ များကို ပွင့်လင်း မြင်သာမှုရှိသော တင်ဒါ စနစ်နှင့် ပြန်လည် ရွေးချယ်မည် ဖြစ်သည်။

အဆိုပါ ပရောဂျက်တွင် တန်ဖိုးသင့် အိမ်ရာ ၂၀,၀၀၀ ၊ ကျောင်းသားဦးရေ ၂,၀၀၀ သင်ကြားနိုင်သော စာသင်ကျောင်း တစ်ကျောင်း၊ သက်ကြီးရွယ်အို ဦးရေ ၂,၀၀၀ ခန့် နေနိုင်သော စောင့်ရှောက်ရေး ဂေဟာ တစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတား ငါးစင်းခန့် ပါဝင်မည် ဖြစ်သည်။

မဟာရန်ကုန် မြို့ပြဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀) တွင် ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုပါဝင်ပြီး ပထမဦးစားပေး အဆင့် အနေဖြင့် ရန်ကုန် အရှေ့ပိုင်းမြို့သစ်၊ ဒုတိယ ဦးစားပေးအဆင့် အနောက်တောင်ပိုင်း မြို့သစ်၊ တတိယ ဦးစားပေး အဆင့် သန်လျင်မြို့သစ်၊ စတုတ္ထဦးစားပေး အဆင့် ဒလမြို့သစ်၊ ပဉ္စမအဆင့် ထန်းတပင်မြို့သစ်၊ ဆဌမအဆင့် မှော်ဘီမြို့သစ်၊ သတ္တမအဆင့် လှည်းကူးမြို့သစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် လူဦးရေ ၆ သန်းကျော် နေထိုင်ပြီး ဧရိယာ ၇၉၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.