Connect with us

Local

သစ်လုံးများ တင်ဒါစနစ်ဖြင့် ရောင်းချရန် ဖိတ်ခေါ်

သစ်လုံးများ တင်ဆောင်လာသော ကားတစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

ကျွန်းသစ် ၊ သစ်မာ သစ်လုံးများနှင့် ကျွန်းသစ်ခွဲသားများကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ဇူလိုင်လ ၂၄ ရက် နှင့် ၂၇ ရက်နေ့များတွင် ရောင်းချ ပေးသွားမည်ဟု မြန်မာ့ သစ်လုပ်ငန်း (MTE) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချရာတွင် ကျွန်းသစ်လုံး ၁၂၄၀ တန် ၊ ကျွန်းသစ်ခွဲသား ၄၁၀ တန် ၊ သစ်မာ ၁၈၄ တန် ၊ သစ်မာသစ်လုံး ၇,၃၈၀ တန် နှင့် သစ်မာ သစ်ခွဲသား ၉၀၅ တန် တို့ပါဝင်သည်။ သစ်မာ သစ်လုံးများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာတွင် ပိတောက်နှင့် ပျဉ်းကတိုးသား အရည်အသွေး အမျိုးမျိုး ပါဝင်ကြောင်း မြန်မာ့ သစ်လုပ်ငန်း (MTE) ၏ ထုတ်ပြန်ချက် အရ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ်လုံး သစ်မာသစ်လုံး ကျွန်းသစ်ခွဲသား တန် ၅ သိန်းကျော် ကို ပြည်တွင်း၌ ရောင်းချရန် လျာထားပြီး ယခုအချိန် အထိ တန် ၁ သိန်း ခန့် ရောင်းချပြီး ဖြစ်ကြောင်း MTE ၏ ထုတ်ပြန်ချက် အရ သိရသည်။

ယခုကဲ့သို့တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို ဖေဖော်ဝါရီလက နောက်ဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။တိုင်းပြည် သဘာဝ အရင်းအမြစ်များ ရေရှည် အသုံးပြုနိုင်ရန်နှင့် သစ်တော ပြုန်းတီးမှု ကာကွယ်ရန် ၂၀၁၄ ခုနစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို အစိုးရမှ တားမြစ် ကန့်သတ်ခဲ့သည်။ သို့သော်လည်း သစ်ခွဲသားနှင့် သစ်အချောထည် ထုတ်ကုန်များ တင်ပို့ခြင်းကိုမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် စေရန် ရည်ရွယ်၍ ခွင့်ပြုထားသည်။ (Xinhua)