Connect with us

Local

အမေရိကန် တစ်ဒေါ်လာ ၁,၂၇၈ ကျပ် အထိ ဈေးမြင့်တက်လာ

ဘဏ်ဝန်ထမ်း တစ်ဦးမှ အမေရိကန် ဒေါ်လာများ ပြသနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဗဟိုဘဏ်မှ ဖွင့်ဈေး အမေရိကန် တစ်ဒေါ်လာ ကျပ် ၁,၂၀၀ ဖြင့် ဈေးမြှင့် ဖွင့်ပြီးသည့် နောက် ပြင်ပတွင် အမေရိကန် ဒေါ်လာ ပေါက်ဈေး ဆက်လက် မြင့်တက်ခဲ့ပြီး ယနေ့ညနေတွင် တစ်ဒေါ်လာ လျှင်ကျပ် ၁,၂၇၈ အထိ မြင့်တက်ခဲ့သည်။

အမေရိကန် ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက “ဗဟိုဘဏ် ကလည်း ဖွင့်ဈေးကို တနေ့ နည်းနည်းစီ မြှင့်ပြီး ဈေးဖွင့်တယ်။ ပြင်ပ ပေါက်ဈေးက လည်း ၁,၂၃၀ ကနေ တနေ့ကို နည်းနည်းချင်းစီ လိုက်တက် လာတယ်။ အခုတော့ ၁,၂၇၈ ကျပ်အထိ မြင့်တက်လာတယ်’’ ဟု ဆင်ဟွာ ကိုပြောသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင်တော့ ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ကျပ် ၁,၂၃၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ပုဂ္ဂလိက ဘဏ်များတွင်တော့ တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့် ဈေးဖွင့်ခဲ့သည်။စီးပွားရေး လေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က “အခုလို ဆက်တိုက် မြင့်တက်တာကတော့ စီးပွားရေးက အေးနေတယ်။ အိမ်ခြံမြေက ဈေးကျတယ်။ အဲဒီတော့ ဒေါ်လာဘက်ကို လှည့်ပြီး ဈေးကစားလာ ကြတယ်။ ဈေးကစားသူတွေကြောင့် ဆက်တိုက် မြင့်တက်နေတာလို့ ယူဆရပါတယ်’’ ဟု ပြောသည်။

သွင်းကုန် လုပ်ငန်းရှင်များကိုတော့ သွင်းကုန်လိုင်စင်နှင့် လိုအပ်သည့် စာရွက် စာတမ်းများ ပြနိုင်လျှင် ပုဂ္ဂလိက ဘဏ်များမှ တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့် ရောင်းချပေးလျက် ရှိသည်ဟု သိရသည်။

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဒေါ်လာ နှင့် သွင်းကုန် ပစ္စည်းများ ဈေးကွက်တွင် ဈေးနှုန်း မြင့်တက် လာခဲ့သည်။

ယနေ့ညနေတွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၇၈ ၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ကျပ် ၁,၂၄၀၊ ရွှေတစ်ကျပ်သားကို ကျပ် ၇၄၅,၅၀၀ ရှိပါတယ်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117