Local
ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို ၂ရာခိုင်နှုန်းသို့ပြောင်းလဲသတ်မှတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဘဏ်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးအစည်းအဝေးတွင် ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို ၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ၂ ရာခိုင်နှုန်း သို့ ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပါသောကြောင့် ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့်လည်း ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ၂ရာခိုင်နှုန်း သို့ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)