Connect with us

Local

၂၀၁၇ နှစ်လယ် ကျောက်မျက်ပွဲ ၂၀၁၆ ထက် ယူရို သန်း ၁၁၀ ကျော်ဖိုး ပိုရောင်းရ


နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည့်၂၀၁၇ ခုနှစ် နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲ၏ ရောင်းအားသည် ၂၀၁၆ နှစ်လယ်ပွဲထက် ယူရိုသန်း ၁၁၀ ကျော် ပိုခဲ့ကြောင်း ကျောက်မျက်ပြပွဲ ဌာန၊ စီမံရေးရာ လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“၂၀၁၆ ခုနှစ် နှစ်လယ်ပွဲမှာ ယူရို ၃၂၇ ဒသမ ၆၉ သန်းဖိုး ရောင်းခဲ့ရပြီး အခု ၂၀၁၇ နှစ်လယ်ပွဲမှာ ယူရို ၄၃၉ ဒသမ ၃၅ သန်းဖိုး ရောင်းခဲ့ရလို့ ယူရို ၁၁၁ သန်းကျော်ဖိုး ပိုပြီး ရောင်းအားကောင်းခဲ့ တယ်လို့ ပြောနိုင်ပါတယ်”ယခု ပြပွဲတွင် တန်ဖိုး အမြင့်ဆုံး အခြေခံ ယူရိုငွေ ဈေး ၅ ဒသမ ၈ သန်းဖြင့် တင်ပြသည့် ကျောက်စိမ်း တွဲ နှစ်တွဲ နှင့် ဒုတိယ တန်ဖိုး အမြင့်ဆုံး အခြေခံ ယူရိုငွေ အမြင့်ဆုံးဈေး ၅ သန်း ဖြင့် တင်ပြသည့် ကျောက်စိမ်းတွဲ တစ်တွဲ – ပေါင်း — သုံးတွဲကမူ ရောင်းချ နိုင်ခဲ့ခြင်း မရှိကြောင်းနှင့် အခြေခံဈေး မမြင့်သော်လည်း ရောင်းရငွေ အများဆုံး၊ တန်ဖိုး အများဆုံး ရရှိခဲ့သည့် ကျောက်စိမ်းတွဲလည်း ရှိခဲ့ သည်ဟု သိရသည်။

၂၀၁၇ နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

“ အဲဒါက ယူရိုငွေ ၁၂ ဒသမ ၅ သန်းနဲ့ ရောင်းရတဲ့ ကျောက်စိမ်းတွဲပါ၊ အတွဲ နံပါတ်က (၄၈၁၄)၊ အရေအတွက်က ခြောက်တုံး၊ အလေးချိန်က ရှစ်ရာ ကီလို ၊ အခြေခံဈေးက ယူရို ၁၂၈၀၀၀ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

၁၀ ရက်ကြာ ပြုလုပ်ခဲ့သည့် ယခုပွဲသို့ ပြည်တွင်း ကျောက်မျက် ကုမ္ပဏီ ၆၈၇ ခုတို့မှ ရတနာ ကုန်သည် ၁၅၈၀ ဦး၊ ပြည်ပ ကုမ္ပဏီ ၉၁၃ ခုမှ ရတနာကုန်သည် ၂၈၅၂ ဦး — စုစုပေါင်း ကုမ္ပဏီ ၁၆၀၀ တို့မှ ရတနာကုန်သည် ၄၄၃၂ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း၊ တက်ရောက်သည့် ရတနာ ကုန်သည်များ အနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အများဆုံး ဖြစ်ရာ ကျောက်မျက် ကုမ္ပဏီ ၈၈၈ ခုမှ ရတနာ ကုန်သည် ၂၈၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း၊ ပြပွဲ၌ ကျောက်မျက်အတွဲ ၁၉၀၊ ကျောက်စိမ်း အတွဲ ၆၆၈၅ တွဲ — စုစုပေါင်း ၆၈၇၅ တွဲ တင်ပြခဲ့ရာ ကျောက်မျက် ၃၂ တွဲ၊ ကျောက် စိမ်း ၅၀၅၄ တွဲ — စုစုပေါင်း ၅၀၈၆ တွဲ ရောင်းချခဲ့ရ တန်ဖိုး အားဖြင့် ယူရို ၄၃၉ ဒသမ ၃၅ သန်းဖိုး ရှိကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာတွင် ဒီဇင်ဘာ ၁၅ ရက်၌ ကျောက်မျက် တင်ပြ အတွဲ ၁၉၀ မှ ၃၂ တွဲကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ တင်ပြ ကျောက်စိမ်း အတွဲ ၆၆၈၅ တွဲမှ ၅၀၅၄ တွဲ — စုစုပေါင်း ၅၀၈၆ တွဲတို့ကို ရောင်းချခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)