Connect with us

Local

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၈၇၃တွဲ ရောင်းချနိုင်ခဲ့

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်စိမ်းများအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း (၈၇၃)တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြပွဲနဝမနေ့သို့ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည် စုစုပေါင်းဦးရေ ၄၄၂၉ ကျော် တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်း တန်ဖိုးမြင့် အချောထည်များနှင့် ကျောက်စိမ်း အတွဲများအား စိတ်ကြိုက် ကြည့်ရှု လေ့လာ ဝယ်ယူကြကြောင်း သိရသည်။

ကျောက်စိမ်းအတွဲ (၁၁၅၀)တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြသ ရောင်းချခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း (၈၇၃)တွဲကို စုစုပေါင်း တန်ဖိုး ယူရိုငွေ ၁၅၈ ဒသမ ၉၄၂ သန်းခန့်ဖြင့် ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များက ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ယနေ့အထိ ကျောက်မျက် အတွဲပေါင်း ၃၂ တွဲကို တန်ဖိုးငွေ ယူရိုသန်း ၀ ဒသမ ၇၆၇ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲပေါင်း (၄၃၉၃) တွဲကို တန်ဖိုးငွေ ယူရိုသန်း ၃၆၂ ဒသမ ၄၉၁ သန်းဖြင့် လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၅၇၅၁)မှ (၆၆၈၅)ထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.