Connect with us

Local

ဆန်စပါးကဏ္ဍတွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် လယ်ယာဝန်ဆောင်မှုစင်တာများ တည်ထောင်သွားမည်

ကောက်စိုက်သမများ ကောက်စိုက်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ဆန်စပါးကဏ္ဍတွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် ပြည်တွင်း စပါးအဓိကစိုက်သည့် မြို့နယ်ပေါင်း ၃၃ မြို့နယ်၌ လယ်ယာဝန်ဆောင်မှုစင်တာများ တည်ထောင်သွားမည့် စီမံကိန်း စတင်ဆောင်ရွက်နေပြီဟု ဆန်စပါးအသင်းချုပ်အတွင်းရေးမှူးဖြစ်သူ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အကြီးစား ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နိုင်ရန် စာချုပ်ပုံစံများ ရေးဆွဲလျက်ရှိပြီး လက်တွဲလုပ်ဆောင်မည့် တောင်သူလယ်သမားများအတွက် ချေးငွေ တစ်ဧကလျှင် တစ်သိန်းခွဲ ထပ်ဆောင်း ထောက်ပံ့နိုင်ရန်စီစဉ်နေသည်ဟု ၎င်းကဆိုသည်။

“ဆန်စပါးနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များရရှိနိုင်ရန် ဗဟိုစာရင်းစစ်အဖွဲ့မှ စစ်တမ်းများကောက်ယူကာ ကူညီထောက်ပံ့ပေးနိုင်ရန် ကျွန်တော်တို့ဝန်ကြီးနဲ့တွေ့တဲ့ အစည်းအဝေးမှာ ညှိနှိုင်းခဲ့ပါတယ်’’ ဟု ဦးရဲမင်းအောင်ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.