Connect with us

Local

အိန္ဒိယတောင်ပိုင်း ကုန်သည်များနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုး

နားလည်မှုစာချွန်လွှာ ရေးထိုးစဉ် (ဓာတ်ပုံ-- UMCCI)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယတောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SICCI) မှ အိန္ဒိယလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ကာ မြန်မာလုပ်ငန်းရှင်များနှင့် တစ်ဦးချင်းတွေ့ဆုံခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

ယနေ့ရေးထိုးသည့် နားလည်မှုစာချွန်လွှာတွင် အဓိကအားဖြင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နှစ်ဖက်အဖွဲ့အစည်းများ နီးကပ်စွာ ပူးပေါင်းရေးကို သဘောတူကြသည်။ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲများနှင့် ကုန်စည်ပြပွဲများ ပူးပေါင်းကျင်းပရေး၊ စီးပွားရေးနှင့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ အပြန်အလှန် ဖလှယ်ရေးတို့ကို ဆောင်ရွက်ကြရန် ဖော်ပြထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

မြန်မာနိုင်ငံအတွင်း ရှုးဖိနပ်ထုတ်လုပ်သည့် စက်ရုံများနှင့် တန်ဖိုးမြှင့် ပဲစားသောက်ကုန်ထုတ် စက်ရုံများ လာရောက်တည်ထောင်ရန် အိန္ဒိယလုပ်ငန်းရှင်များ ရည်ရွယ်ပြင်ဆင်နေကြကြောင်း အိန္ဒိယတောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Rafeeque Ahmed (မစ္စတာရာဖက်အာမတ်) က ယနေ့ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ဝယ်သူတင်သွင်းနေရသည်ထက် မြန်မာနိုင်ငံအတွင်း၌ပင် ပဲအခြေခံ စားသောက် ကုန်ုထုတ် စက်ရုံများတည်ထောင်ကာ တန်ဖိုးမြင့်ထုတ်ကုန်များကို မြန်မာပြည်တွင်း ရောင်းချရန်နှင့် အိန္ဒိယသို့ ပြန်လည်တင်ပို့ရန် ရည်ရွယ်ပြင်ဆင်နေကြကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ်မှ လုပ်ငန်းရှင်များနှင့် စီးပွားဆက်ဆံရေး၏ ပထမဦးဆုံးခြေလှမ်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကပြောသည်။ လက်ရှိ မြန်မာ့နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွင် အိန္ဒိယက စတုတ္ထအများဆုံးဖြစ်သည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့်ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်ထက် နှစ်ရာခိုင်နှုန်းခဲ့သာ တိုးတက်မှုရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.