Connect with us

Local

နိုင်ငံတကာ နှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍  အွန်လိုင်းမှ ကုန်သည်အချင်းချင်းချိတ်ဆက်ပေးသည့် စနစ်အား ကျင့်သုံးလျက်ရှိဟုဆို 

တရုတ်-မြန်မာနယ်စပ်ဂိတ်မြင်ကွင်းအားတွေ့ရစဥ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာ နှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍  အွန်လိုင်းမှ တဆင့် ကုန်သည်အချင်းချင်းချိတ်ဆက်ပေးသည့် စနစ်အား ကျင့်သုံးလျက်ရှိကြောင်း၊ ဆက်လက်၍ အွန်လိုင်း ကုန်စည်ပြပွဲများအားဆောင်ရွက်၍ ကုန်သွယ်ရေးအား မြှင့်တင်သွားရန်ရှိကြောင်း  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဆင်ဟွာသို့ စက်တင်ဘာ ၂၉ ရက် တွင်ပြောသည်။ 

“အရင်က နိုင်ငံတကာကုန်စည်ပြပွဲတွေ သွားရတယ်။ အဲဒီမှာ မြန်မာ့ထွက်ကုန်တွေ ကို ပြသခြင်းတွေ လုပ်ပြီး ကုန်သွယ်မှု မြှင့်တင်ခဲ့တယ်။ အခုကတော့ နိုင်ငံတကာပြပွဲ တွေ သွားလို့ မရတော့ တဲ့အတွက် အွန်လိုင်း ကနေပြီးတော့ ပဲ ချိတ်ဆက်ရတယ်။သြဂုတ်လမှာ ကျွန်မတို့  အွန်လိုင်းကနေ ကုန်စည်ပြပွဲလုပ်တယ်။ အဲဒီအခါ မှာ ကုန်သည်အချင်းချင်းလည်း အွန်လိုင်းကနေချိတ်ဆက်ဆောင်ရွက်နိုင်တယ်။ အခုလည်း ဆက်ပြီး အွန်လိုင်းစနစ်နဲ့ ချိတ်ဆက်မှုတွေ ဆောင်ရွက်နေတယ်’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

ယခင်က ကုန်စည်ပြပွဲများ အား ကျင်းပ၍ ကုန်သွယ်မှုမြှင့်တင်ခဲ့ကြကြောင်း၊ ယခု အခါတွင် အွန်လိုင်းမှ တင်၍ ဝယ်ယူခြင်း၊ ရောင်းချခြင်းများ အားချိတ်ဆက်နိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ “အထူးသဖြင့် တရုတ်နိုင်ငံနဲ့ က အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ အတွက် တရုတ်နိုင်ငံ က ကုန်သွယ်တွေ နဲ့လည်းချိတ်ဆက်ပြီး ဒါကိုလာလေ့လာပါ။ အွန်လိုင်းကနေပဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေလုပ်တယ်။ ဝယ်ယူဖို့စိတ်ဝင်စားရင် ကုန်သည်တွေအချင်းချင်း စကားပြောလို့ရအောင် စီစဉ်ပေးတာတွေရှိတယ်’’ ဟု ၎င်း ကဆက်ရှင်းပြသည်။

ထိုကဲ့သို့ အွန်လိုင်း မှ ချိတ် ဆက်ဆောင်ရွက်ခြင်းမှ တဆင့် အရောင်းအဝယ်အော်ဒါတင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ယခု အချိန်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ အနေဖြင့် အွန်လိုင်း ဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးအား အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခင်က တရုတ်-မြန်မာ ကုန်စည်ပြပွဲများအား မူဆယ်မြို့၊ ရွှေလီမြို့တို့တွင် ကျင်းပပြုလုပ်လေ့ရှိကြောင်း ယခုနှစ် က COVID-19 ရောဂါဖြစ်ပွားသည့် ကာလ ဖြစ်သောကြောင့် ဒီဇင်ဘာလ တွင် အွန်လိုင်းကုန်စည်ပြပွဲ ပြုလုပ်ရန်စီစဉ်ထားကြောင်း ဆိုသည်။ 

ကုန်သည်များအနေဖြင့်လည်း လက်ရှိတွင်စိတ်ဝင်တစားပါဝင်လာကြကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ တွင် ဆက်လက်ကြိုးစားရန်လိုအပ်ကြောင်း၊ မျက်စိနှင့် ကြည့်သည့် အခါ ကိုယ့်ထုတ်ကုန်နှင့် ပတ်သက်၍ ဓာတ်ပုံ ကောင်းကောင်းရိုက်၍ ပြသထားခြင်းကိုလည်းပြင်ဆင်ထားသင့်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.