Connect with us

Local

နီပေါနိုင်ငံသို့ ပဲတင်ပို့နိုင်ရန် စီစဉ်

ပြည်တွင်း၌ ပဲစိုက်တောင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသို့ ပဲများ တိုက်ရိုက်ကုန်သွယ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိ မြန်မာကုန်သည်များ အနေဖြင့် နီပေါနိုင်ငံသို့ ပဲတင်ပို့ရာတွင် အိန္ဒိယ ဆိပ်ကမ်းကိုဖြတ်၍ တင်ပို့နေရကြောင်း၊ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှု ကဏ္ဍတိုးမြှင့်ရန် ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးရန် ဆွေးနွေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နီပေါနိုင်ငံသို့ မတ်ပဲ၊ ပဲစင်းငုံ စသည့် ပဲအမျိုးအစားများကို ယခင်နှစ်များကထက် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံတို့ကို မြန်မာနိုင်ငံအနေဖြင့် ပဲတင်ပို့ ရောင်းချလျက်ရှိပြီး တင်ပို့မှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xihua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.