Connect with us

Local

နိုင်ငံပိုင် စက်ရုံ ရှစ်ရုံအား ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းမည်

စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် ရှင်းလင်းပြောကြားစဉ်။( ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံပိုင် စက်ရုံ အလုပ်ရုံပေါင်း ၁၁၅ ရုံ ရှိသည့်အနက် လက်ရှိ၌ ပုဂ္ဂလိကနှင့် ပူးပေါင်းထားပြီး စက်ရုံ ၅၇ ရုံ ရှိထားပြီး နိုင်ငံပိုင် အဖြစ် ၅၈ ရုံ ကျန်ရှိရာတွင် စက်ရုံ ရှစ်ရုံကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်း သွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ယနေ့ညနေ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရာမှာ စက်ရုံ ၅၇ လုံးကို PPP စနစ်နဲ့ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ နိုင်ငံပိုင်အဖြစ် ၅၈ လုံး ကျန်ရာမှာ ရှစ်လုံးကို ပုဂ္ဂလိက ပိုင်အဖြစ် လွှဲပြောင်းသွားဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ စက်ရုံများမှာ – ပုလဲ၊ ရှောက်တောနှင့် နွားထိုးကြီးတို့ရှိ ဝါကြိတ်စက်ရုံ သုံးရုံ၊ ချောက်မြို့ရှိ ဟိုက်ဒရိုဂျင် ပါအောက် ဆိုဒ် စက်ရုံခွဲ၊ ပလိပ် ရှိ အထည်စက်ရုံနှင့် မရမ်းကုန်း၊ ပခုက္ကူ၊ အင်းစိန်တို့ရှိ အထည်စက်ရုံခွဲသုံးရုံ – စုစုပေါင်း နိုင်ငံပိုင် စက်ရုံ ရှစ်ရုံတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမြဲတမ်း အတွင်းဝန်က စက်မှုဝန်ကြီးဌာန အနေဖြင့် စက်မှုဆိုင်ရာ ကျွမ်းကျင် လုပ်သား များ ကို စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း စက်မှု သင်တန်းကျောင်း ခြောက်ခုတို့မှ အမျိုးသား – ၇၇၇ ဦး၊ အမျိုးသမီး – ၁၈၀ ဦး – ပေါင်း ၉၅၇ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း ADB (Asian Development Bank) ၏ အထောက်အပံ့ဖြင့် ကာလတို သင်တန်း များလည်း ဖွင့်လှစ်ပေးခဲ့ရာ မန္တလေးနှင့် ပခုက္ကူ စက်မှု သင်တန်းကျောင်းတို့မှ ၁၉၉ ဦးကို မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ စက်မှုသင်တန်း ကျောင်း ခြောက်ကျောင်းတို့၌ Mobile vocational Unit များဖြင့် ၂၈ ကြိမ် လေ့ကျင့် သင်ကြားပေး သည့် သင်တန်းများက ကျွမ်းကျင် သင်တန်းသား ၁၃၇၅ ဦး၊ သင်တန်းသူ ၃၂ ဦးးတို့ကို မွေးထုတ်ပေး နိုင်ခဲ့ကြောင်း၊ မုံရွာနှင့် သထုံတို့တွင် စက်မှုကျောင်းအသစ် နှစ်ကျောင်းကို အိန္ဒိယ နိုင်ငံ၏ အကူ အညီဖြင့် ဖွင့်လှစ်သွားရန် ၂၀၁၈ မေလ ၁၀ ရက်နေ့တွင် MoU ရေးထိုးထားပြီးဖြစ် ကြောင်း၊ ဖွင့်လှစ်မည့် မုံရွာ စက်မှု သင်တန်းကျောင်းသည် သင်တန်းသား ၂၀၀ ကိုသင်ကြားပေးနိုင်မည် ဖြစ်ပြီး သထုံ စက်မှု သင်တန်းကျောင်း သည် သင်တန်းသား ၁၄၄ ဦးအား လက်ခံ သင်ကြားပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.