Connect with us

Local

ပထမအဆင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို မူလ (၁၀) မြို့အပြင် ဘားအံမြို့၌ တိုးချဲ့ကျင်းပ သွားမည်

တောင်ကြီးမြို့၌ ကျင်းပမည့် ပထမအဆင့် ငြိမ်းချမ်းရေးဂီတပွဲတော်အား တွေ့ ရစဉ်(ဓာတ်ပုံ-Peace Music Festival)

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ပထမအဆင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို မူလက မြို့ ၁၀ မြို့တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ယခုအခါ ကရင် ပြည်နယ်၊ ဘားအံမြို့၌ သီဆိုမည့်သူ များပြားလာသည့် အတွက် မူလ (၁၀) မြို့အပြင် ဘားအံမြို့ တွင်လည်း တိုးချဲ့ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

မူလက ပထမအဆင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီး နားမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ကျင်းပရန် လျာထားခဲ့သည်။

ဒေသအလိုက် ပထမဦးဆုံး ပွဲစဉ်များကို ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ စတင် ကျင်းပခဲ့ပြီး ပထမအဆင့် နောက်ဆုံးပြိုင်ပွဲအား ဇူလိုင် ၉ ရက် ည ၈ နာရီခွဲတွင် ကျင်းပရာ စကာတင် ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် (၁၀)ဦး ယှဉ်ပြိုင် သီဆိုခဲ့သည့်အနက် (၃)ဦးအား နောက်တစ်ဆင့်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရန် ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ပြည်သူများ သိရှိပြီး တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.