Connect with us

Local

၁၂ လ အတွင်း စီးပွားရေး တိုးတက်စေရေး အကြံပြုချက်များ အစိုးရထံ သြဂုတ်လ ပထမပတ် အတွင်း တင်ပြမည်

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင် အသင်းများမှ ကိုယ်စားလှယ်များ ညှိနှိုင်း ဆွေးနွေးစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

လာမည့် (၁၂) လ အချိန်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော် အစိုးရထံသို့အကြုံပြုချက်များအား သြဂုတ်လ ပထမပတ်အတွင်း တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့စီးပွားရေးတိုးတက်မှု အရှိန်နှေးနေရာမှ အမြန်ဆုံး ပြန်လည်ဦးမော့လာစေရေးအတွက် အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်နိုင်မည်များ (Quick Win) ကို စီးပွားရေးလုပ်ငန်းကဏ္ဍ အသီးသီး၌ သက်ဆိုင်ရာ ကဏ္ဍ ကိုယ်စားပြု ညီနောင်အသင်းများ၊ ကိုယ်စားလှယ်များက အချိန်နှစ်ပတ်အတွင်း အမြန်ဆုံး ရှာဖွေ ပြုစု နိုင်ရေးအား ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင် အသင်းများမှ ကိုယ်စားလှယ်များသည် ဇူလိုင် ၁၂ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ညီနောင်အသင်းများအနေဖြင့် ဇူူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားကာ အကြံပြုချက်များကို အသင်းချုပ်သို့ ပေးပို့ရမည်ဖြစ်ပြီး အသင်းချုပ်မှ စနစ်တကျ စုစည်းကာ နိုင်ငံတော်အစိုးရထံသို့ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

အကြံပြုတင်ပြကြမည့် အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများတွင် အဓိကအားဖြင့် အကောက်ခွန် နှင့် အခွန်အကောက်ဆိုင်ရာ ပြင်ဆင်သင့်သည်များ၊ စီးပွားရေးလုပ်ဆောင်ရာတွင် တွေ့ကြုံ နေရသည့် အခက်အခဲ၊ အဟန့်အတားများနှင့် ဌာနပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လျော့နည်းစေရေးနှင့် လုပ်ငန်းလျှင်မြန်စေရေး အကြံပြုချက်များ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေး တိုးတက်မှု အရှိန် မြင့်တင်ရေး လုပ်ငန်းစဉ်တွင် တစ်ဆက်တည်းအနေဖြင့် သြဂုတ်လ ၂၉ ရက်တွင် SME ဖိုရမ်အား ကျင်းပကာ မြန်မာ့ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အချိန်တိုအတွင်း အထိ ရောက်ဆုံး အားပေးနိုင်ရေး အတွက် စုပေါင်း အဖြေရှာကြမည်ဖြစ်ကြောင်း ၊ ပို့ကုန်မြှင့်တင်ရေး အတွက် သြဂုတ်လအတွင်းတွင် Export Promotion Forum အား ကျင်းပဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.