Local
ပြည်တွင်း/ပြည်ပ၌၂၀၁၇ခုနှစ် ဇူလိုင်လတွင်း လူသုံးသောင်းကျော် အလုပ်အကိုင်ရရှိထားဟုဆို

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ပြည်တွင်း/ပြည်ပ၌ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း လူသုံးသောင်းကျော် အလုပ်အကိုင်ရရှိထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၄ဝဝဝ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၈ဝဝဝ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီးနှင့် ကာတာစသည့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြာရာတွင် ထိုင်းနိုင်ငံသို့ ၁၂၂၈၀ဦး၊ မလေးရှားသို့ ၈၇၂ဦးနှင့် ကိုရီးယားနိုင်ငံသို့ ၇၄၁ဦး အများဆုံးသွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်လုပ်ဆောင်ရာတွင် အစိုးရအလုပ်နေရာ ၈၉၈နေရာ၊ ပုဂ္ဂလိကလုပ်ငန်းများတွင် ၁၇၆၉၄နေရာအတွက် အလုပ်အကိုင်ခန့်အပ်ထားနိုင်ကြောင်း သိရသည်။(Xinhua)