Connect with us

Local

အကောက်ခွန်မဲ့ ပစ္စည်း တန်ဖိုး ကျပ်သန်း ၃၂ဝ ကျော်ခန့် သိမ်းဆည်း ရမိကြောင်း သတင်း ထုတ်ပြန်

သိမ်းဆည်းရမိသည့် အကောက်ခွန်မဲ့ ပစ္စည်း တစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီးစစ်ဆေးအရေးယူလျက်ရှိရာ သြဂုတ် ၁ ရက် မှ ၇ ရက် အတွင်း အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၈ ဒသမ ၁၂ဝ သန်းခန့် အား သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ထိုသို့တားဆီး ဖမ်းဆီးမိခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈ ဒသမ ၅၃ဝ သန်းခန့်)၊ ရေပူ စစ်ဆေးရေးစခန်းက တားဆီးမှု ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅ ဒသမ ၈ဝ၉ သန်းခန့်)၊ မရမ်းချောင် စစ်ဆေးရေးစခန်းမှ တားဆီးမှု ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃ ဒသမ ၇၈၁ သန်းခန့်)၊ မူဆယ်မြို့နယ် (OSS)စစ်ဆေးရေးစခန်းက တားဆီး မှုတစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် သုည ဒသမ ၂ သန်းခန့်) စုစုပေါင်း ၄၂ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၈ ဒသမ ၁၂ဝ သန်းခန့်)အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေး စခန်းနှင့် အကောက်ခွန်နယ်မြေဒေသအသီးသီး တို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်း များအား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117