Connect with us

Local

ပြည်ပ ကုန်သွယ်မှု နှင့် ပို့ကုန်သွင်းကုန် ပမာဏ မြင့်တက်

ပြည်ပသို့ တင်ပို့ မည့် ပို့ ကုန် ကုန်သေတ္တာများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု အခြေအနေမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလ မှ ဇူလိုင်လထိ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁ဝ၂၉၄ သန်း ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပ ကုန်သွယ်မှု ပိုမိုတိုးတက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလ မှ ဇူလိုင်လထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၂၃ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၇၁ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၉၃ဝ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဝ၄၄ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၇၄ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ပို့ကုန်အုပ်စုလိုက်တင်ပို့မှုမှာ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ဝ၅၃ သန်း၊ တိရစ္ဆာန်ပစ္စည်းတင်ပို့မှု အမေ ရိကန်ဒေါ်လာ လေးသန်း၊ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၇ဝ၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၆၃ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၇၅ သန်း၊ စက်မှုကုန်ချောပစ္စည်း အမေရိကန်ဒေါ်လာ ၂ဝ၃၅ သန်းနှင့် အခြားပစ္စည်း တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၂၃ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃၂၃ သန်း တင်ပို့ခဲ့သည်။

ပြည်ပမှအုပ်စုလိုက် သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း အမေရိကန်ဒေါ်လာ ၂၂ဝ၄ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိ ကန်ဒေါ်လာ ၂၂၉၁ သန်းနှင့် လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၄၇၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၇၁ သန်း တင်သွင်းခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ အပတ်စဉ်တင်ပြသည့် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုစာရင်းများ အရ သိရှိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံနှင့် ကုန်သွယ်မှု တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ တိုးတက်ပြီး နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိခဲ့သည့်အပြင် နိုင်ငံတော်အတွက် သတ်မှတ်အခွန်အခများ တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.