Local
မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ် ကျောက်မျက်ပြပွဲ ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီးအတွင်း ပထမအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ ရောင်းချပွဲကို မန္တလေးမြို့ရှိ MCC ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)ထံမှ သိရသည်။
အဆိုပါ ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ ရောင်းချပွဲကို
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ၂ဝ၁၉ ခုနှစ် – နှစ်လယ် ကျောက်မျက်ရတနာပြပွဲကျင်းပစဉ် (ဆင်ဟွာ)
ယင်း ကျောက်မျက်ပြပွဲကို အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိကို ကြည့်ရှုရက်အဖြစ် သတ်မှတ်ထားပြီး အောက်တိုဘာ ၂၆ မှ ၂၉ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
လက်ဝတ်ရတနာဆိုင်ခန်းပေါင်း ၄၉ ခန်း၊ ကျောက်စိမ်းအရေအတွက်ကို ကွင်းဝင်ဆံ့မှုအခြေအနေပေါ်မူတည်ပြီး အတွဲပေါင်း ၃၅၀၀ အထိလက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
” ဒီလိုပွဲမျိုးကို ရန်ကုန်နဲ့ နေပြည်တော်မှာသာ ကျင်းပခဲ့တာ၊ ခု မန္တလေးမှာ ပထမဆုံးကျင်းပတာဖြစ်တယ်၊ပြပွဲကျင်းပရေးကော်မတီကို ရောင်းသူဝယ်သူ အဆင်ပြေစေဖို့ ဧရာဝတီဘဏ်က ငွေ ထောက်ပံ့ပေးမှာဖြစ်တယ်” ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂ဝ၁၉ ခုနှစ် – နှစ်လယ် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည်။(Xinhua)