Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁ ခုအတည်ပြု

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုအစည်းအဝေးကျင်းပဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁ ခုတို့၏ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို အတည်ပြုပေးခဲ့ကြောင်းပြောကြားခဲ့သည်။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမှု မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃ဒသမ၉၁၁ သန်းနှင့် မြန်မာကျပ်ငွေ ၁၂၄၅ဒသမ၀၀ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် ၃,၀၁၉ ဦး အတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း ၊ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟံထွန်း ၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနော်ပန်းသဉ္စာမျိုး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး နှင့် ရင်းနှီးမြုပ်နှံမှုကော်မတီ ဝင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)