Connect with us

Local

မြန်မာကျပ်ငွေကျဆင်းခြင်း နှင့် ပတ်သက်၍ ကုန်သည်စက်မှု အသင်းချုပ်မှ အစီရင်ခံစာပို့မည်

ကုန်သည်စက်မှုအသင်းချုပ်၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာငွေကျပ်တန်ဖိုးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း အခြေအနေသည် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်းအထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည် ဖြစ်ပါသဖြင့် ငွေလဲနှုန်းများ ပြန်လည်တည်ငြိမ် လာစေရေး အတွက် ကုန်သည်စက်မှု အသင်းချုပ်(U.M.F.C.C.I) မှ နိုင်ငံတော်အစိုးရသို့ အကြုံပြုတိုက်တွန်းချက်များ အစီရင်ခံစာကို ပေးပို့မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အသင်းချုပ် အကြံပေး ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အသင်းချုပ်အကြံပေးပုဂ္ဂိုလ်များနှင့် တစ်ကြိမ်တွေ့ဆုံကာ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းအခြေအနေ၊ အကြောင်းအရင်းများနှင့် တည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည်များကို ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါဆွေးနွေးပွဲများ၏ ရလာဒ်များကို အခြေခံပြီး နိုင်ငံတော်အစိုးရ ရေတို ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ ပြုစုကာ အကြံပြုစာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိငွေလဲနှုန်းများမြင့်တက်နေခြင်းသည် မြန်မာ့ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှု မြင့်မားနေခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်လာကာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသောကြောင့် ဖြစ်ကြောင်း၊ အဓိက အကြောင်းရင်းများအားဖြင့် ကုန်သွယ်မှုလိုငွေမြင့်မားနေခြင်း၊ တရားမဝင် ငွေကြေးဈေးကွက် အားကောင်းနေခြင်းနှင့် ဒေါ်လာဈေးကစားကြသူများကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဗဟိုဘဏ်အနေဖြင့် လိုအပ်ပါက Free Floating Exchange Rate အစား Managed Floating Exchange Rate စနစ်ကို ပြောင်းလဲ ကျင့်သုံးသင့်ပြီး ငွေကြေးဈေးကွက် မတည်ငြိမ်မှုများအား ပျော့ပျောင်းသောနည်းဖြင့် ထိန်းညှိပေးရန်၊ဗဟိုဘဏ်မှ ငွေကြေးဈေးကွက်အား လိုအပ်ပါက ဝင်ရောက် ထိန်းညှိမည်ဖြစ်ကြောင်း ငွေကြေး ဈေးကစား သူများအား သတိပေးသည့်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကြေညာရန်၊ငွေကြေးဈေးကွက်အတွင်း ဈေးနှုန်းထိန်းညှိခြင်း ပိုမိုလွယ်ကူစေရန် တရားမဝင် ငွေကြေးဈေးကွက်အား တိုက်ဖျက်၍ ဘဏ်လုပ်ငန်းများနှင့် အသုံးပြုသူများအကြားသာ တိုက်ရိုက် အရောင်းအဝယ်ပြုစေရန်၊ နိုင်ငံခြားဘဏ်အကောင့်မှ တစ်နေ့လျှင် အများဆုံး ကန်ဒေါ်လာ ၅၀၀၀ ဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်သာ ငွေထုတ်ယူရန် သတ်မှတ်တားမြစ်ထားမှုအား ချက်ချင်း ပယ်ဖျက်ရန် ဟူ၍ ငွေကြေးဈေးကွက်ဆိုင်ရာ အကြံပြုချက်အား သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ကျပ်ငွေ ဝယ်လိုအားမြှင့်တင်နိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ၏ ငွေလွှဲပေးချေမှုတွင် ကျပ်ငွေကိုသာ အသုံးပြုရေး မူဝါဒများ ချမှတ်ရန် (ဥပမာ – ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း၊ လေကြောင်းခရီးစဉ်၊ အကြံပေးဝန်ဆောင်မှု၊ လူသုံးကုန်ထုတ်လုပ်ငန်းနှင့် လစာများပေးချေခြင်း များတွင်)အကြွေးဝယ်ကဒ် (Credit Card) များ အသုံးပြု၍ ကျပ်ငွေလွှဲပြောင်းမှုများ တိုးမြင့်လာစေရေး အစိုးရမှ တွန်းအားပေးရန် ဟူ၍ အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.