Connect with us

Local

ရေထွက် ကုန်ပစ္စည်းများ ပြည်ပ ဈေးကွက်သို့ တိုးမြှင့် တင်ပို့နိုင်ရန် ဆောင်ရွက်မည်

ရေထွက်ကုန်ပစ္စည်းများ ပြည်ပတိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရေထွက်ကုန်ပစ္စည်းများ ပြည်ပတိုးမြင့်တင်ပို့နိုင်ရေးအတွက် ဖြေလျော့ ဆောင်ရွက်ရမည်များ ရှိသကဲ့သို့ သက်ဆိုင်ရာ ဥပဒေများ ပြန်လည် ရေးဆွဲရမည်များလည်းရှိကြောင်း၊ သို့ပါ၍ ယခုကဲ့သို့ ပုဂ္ဂလိကဖက်မှ တင်ပြသော အခက်အခဲများနှင့် ဝန်ကြီးဌာနများမှ ဖြေလျော့ဆောင်ရွက်မှုများဖြင့် ပာန်ချက်ညီညီ ညှိုနှိုင်းမှုများ ဆောင်ရွက် သွားပါက ရေထွက်ကုန်ပစ္စည်းများ ပို့ကုန်တိုးမြင့်နိုင်လာမည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကပြောသည်။

ရေထွက်ကုန်ပစ္စည်းများ ပြည်ပတိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံညိနှိုင်းရေး အစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ်၌ တွေ့ဆုံ ခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်အသင်းများမှ တစ်လှည့်စီ ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါဆွေးနွေးချက်များ နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဖြေရှင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ငွေကြေးအရင်းအနှီးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဝန်ကြီးဌာနအနေဖြင့် ဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ပသို့တင်ပို့သည့် လုပ်ငန်း များ တရား ဝင်ဖြစ်စေရေးကို လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

ရေထွက်ကုန်ပစ္စည်းများကို ဥရောပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ဥရောပသမဂ္ဂနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၌ လာရောက်စစ်ဆေးပြီးဖြစ်ရာ ပို့ကုန်တင်ပို့သူများ အနေဖြင့် ကုန်ကြမ်း တင်ပို့ခြင်းထက် တန်ဖိုးမြင့် ပို့ကုန်တင်ပို့နိုင်လျှင် ပို့ကုန်ကဏ္ဍ ပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြော သည်။

ထို့ပြင် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းတစ်ခုအနေဖြင့် ရေးဆွဲ၍ ရေထွက်ကုန် သားဖောက် စခန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် က သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.