Local
မြန်မာနိုင်ငံကိုယ်စားပြုဆန်အဖြစ် ရွှေဘိုပေါ်ဆန်းကို မှတ်ပုံတင်မည်

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုဆန်အဖြစ် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်း ဒုဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြောကြားသည်။
အဆိုပါ ဆန်သည် ဆန်အရည်အသွေးအရ လူကြိုက်အများဆုံး၍ ရွှေဘိုပေါ်ဆန်းမွှေးဆန်ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်မည်ဖြစ်ပြီး ကမ္ဘာမှာပါ မှတ်ပုံတင်ခွင့်ရအောင် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ရွေဘိုပေါ်ဆန်းကို မူပိုင်ခွင့်လုပ်မယ်၊ အတုအပ လုပ်မရအောင်ပေါ့၊ ဆန် မျိုးကောင်းရအောင်လဲ ဆောင်ရွက်နေတယ်”ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
ရွှေဘိုပေါ်ဆန်းကို မှတ်ပုံတင်နိုင်ရန် မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်းနှင့် စိုက်ပျိုးရေးနှင့် သုတေသနတို့ ပူးပေါင်းဆောင်ရွက်ကာ ဆန်မျိုးကောင်းရရှိအောင် ဆောင်ရွက်နေသည်။(Xinhua)