Connect with us

Local

နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများကို ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ကုန်သွယ်ခွင့်ပြု

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် အရည်အသွေး ပိုမို ကောင်းမွန်သော ဆောက်လုပ်ရေး ပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီ များကို ကုန်သွယ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမိန့်ကြေညာ ထုတ်ပြန်လိုက်သည်။

နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများ အနေဖြင့် ဆောက်လုပ်ရေး ပစ္စည်းများကို ကုန်သွယ်မှု ပြုလုပ်ရာတွင် ဖက်စပ်ကုမ္ပဏီသည် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင် ခွင့် ရှိသည့် ကုမ္ပဏီ ဖြစ်ရမည် ဖြစ်ပြီး တင်သွင်းလာသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများသည် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသော စံချိန်/စံညွှန်း နှင့် အညီ ဖြစ်ရမည် စသည့် သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများ ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများ အရ လည်းကောင်း ၊ လက်ရှိ ပြောင်းလဲ လာသော စီးပွားရေး အခြေအနေများ အရ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ ၊ စီးပွားရေး လုပ်ငန်း လာရောက် လုပ်ကိုင်လိုသူများ များပြားလာမှုအရ လည်းကောင်း ယခုကဲ့သို့ကုန်သွယ်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)