Local
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် ၂၀၁၈ ကျင်းပမည်

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် ၂၀၁၈ (Myanmar Tourism Conference 2018) ကို ၂၀၁၈ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါ ကွန်ဖရင့်အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)