Connect with us

Local

ရန်ကုန်တိုင်း ဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းငါးခု လုပ်ကိုင်ခွင့် ထပ်မံအတည်ပြု

ရန်ကုန်တိုင်း ဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်း နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းငါးခု လုပ်ကိုင်ခွင့်ကို ထပ်မံအတည်ပြု ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းလုပ်ငန်းငါးခု လုပ်ကိုင်ခွင့်ကို မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး အမှတ်စဉ် (၇/၂ဝ၁၈) တွင် ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည် ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ လှိုင်သာယာ၊ ဒဂုံ (အရှေ့ပိုင်း)၊ မှော်ဘီနှင့်ကျောက်တန်းမြို့နယ်တို့၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လှိုင်သာယာမြို့နယ် ၌ တရုတ်နိုင်ငံမှ လုပ်ငန်းနှစ်ခု၊ ဒဂုံ (အရှေ့ ပိုင်း)မြို့နယ်၌ တရုတ်နိုင်ငံမှ လုပ်ငန်းတစ်ခု၊ မှော်ဘီမြို့နယ်၌ ဟောင်ကောင်မှလုပ်ငန်း တစ်ခု၊ ကျောက်တန်းမြို့နယ်၌ ဗီယက်နမ် နိုင်ငံမှ လုပ်ငန်းတစ်ခု အသီးသီးရင်းနှီး မြှုပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ငါးခုသည် စက်မှုလုပ်ငန်း များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၈ ဒသမ ၈၈၇ သန်း စီးဝင်ခဲ့ကြောင်း သိရသည်။ ”လုပ်ငန်းငါးခုကနေပြီး ပြည်တွင်းအလုပ် အကိုင် ၃၃၃၈ ခုနဲ့ ပြည်ပအလုပ်အကိုင် ၅ဝ ပေးနိုင်မှာဖြစ်ပါတယ်” ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှု နှင့် တည်ဆဲဥပဒေများလိုက်နာခြင်းကို အခြေခံ၍ စိစစ်လက်ခံခြင်းဖြစ်ပြီး လုပ်ငန်း ၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ် အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသား ဝင်ငွေခွန်နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်း ရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု၊ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ တာဝန်ယူမှု စသည့်အချက်များကို စိစစ် လက်ခံခဲ့ကြောင်း သိရ သည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၈ ခုနှစ် ဧပြီလမှ မေ ၂၉ ရက်အထိ ပြည်ပရင်းနှီး မြှုပ်နှံမှုလုပ်ငန်းကိုးခုကို ခွင့်ပြု ပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း အပါအဝင် အမေရိကန်ဒေါ်လာ ၁ဝ၈.၈၈၉ သန်း စီးဝင်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.