Local
မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရေးဆွေးနွေး
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရေးကိစ္စများကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် ကမ္ဘာ့ဘဏ်၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Victoria Kwakwa တို့ဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် ကမ္ဘာ့ဘဏ်မှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လျှပ်စစ်မီးရရှိရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ တိုးမြှင့်ပေးအပ်ရေးကိစ္စတို့အား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်သည် ကမ္ဘာ့ဘဏ်၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Victoria Kwakwa နှင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Ellen Goldstein တို့ကို ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နေလည်တွင်နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။(Xinhua)