Connect with us

Local

မြန်မာနိုင်ငံ၏ ပို့ကုန် သွင်းကုန် ပမာဏသည် လွန်ခဲ့သောနှစ် ပထမ ဘဏ္ဍာနှစ်ဝက် နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် လျော့ကျ

ရန်ကုန်မြို့ရှိ ကုန်သေတ္တာများ ထားရှိ သည့် ဆိပ်ကမ်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ပမာဏသည် ယခု ဘဏ္ဍနှစ် ပထမ ခြောက်လ အတွင်း အမေရိကန် ဒေါ်လာ ၁၃,၈၈၈.၃၆၉ သန်းရှိပြီး ပြီးခဲ့သောနှစ် ပထမဘဏ္ဍာ နှစ်ဝက်နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် လျော့ကျ သွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂ဝ၁၄-၂ဝ၁၅ ပထမဘဏ္ဍာ နှစ်ဝက်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ပမာဏသည် အမေရိကန် ဒေါ်လာ ၁၄၇၅၃.၅၆၃ သန်းရှိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပထမဘဏ္ဍာ နှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁၃,၈၈၈.၃၆၉ သန်းသာ ရှိသောကြောင့် ယမန်နှစ်ထက် အမေရိကန် ဒေါ်လာသန်း ၈ဝဝ ကျော် လျော့ကျသွားခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ ပို့ကုန်သွင်းကုန် ပမာဏမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ ပင်လယ် ရက်ခြား ကူးသန်း ရောင်းဝယ်မှု၊ နယ်စပ်ဖြတ်ကျော် ကူးသန်း ရောင်းဝယ်မှု များ၏ ၂ဝ၁၅-၂ဝ၁၆ ပထမဘဏ္ဍာ နှစ်ဝက်အတွက် ဖြစ်ပြီး ယခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ စာရင်း အချက်အလက် များအပေါ် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.