Connect with us

Local

ရွှေတစ်ကျပ်သား ကျပ် ၈၀၀,၀၀၀ အထိ ယခုနှစ် အတွင်း စံချိန်တင် မြင့်တက်ခဲ့

ရွှေတုံးများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ရွှေတစ်ကျပ်သားကို ကျပ် ၇၈၀,၀၀၀ မှ ကျပ် ၈၀၀,၀၀၀ သို့ တစ်ပတ် အတွင်း မြင့်တက်လာခဲ့ပြီး ယခု ပေါက်ဈေးသည် ၂၀၁၅ ခုနှစ်အတွင်း စံချိန်တင် မြင့်တက်သည့် ဈေးဖြစ်ကြောင်း ရွှေဆိုင် လုပ်ငန်းရှင် တစ်ဦး က ဆင်ဟွာကို ယနေ့ပြောကြားသည်။

အောက်တိုဘာ ၈ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးအရ တစ်အောင်စကို ၁,၁၄၄ ဒေါ်လာရှိပြီး ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ တွင် တစ်အောင်စကို ၁,၁၈၅ ဒေါ်လာ အထိ မြင့်တက်လာသည့် အတွက် မြန်မာ့ ရွှေဈေးလည်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာ့ ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၈၂,၀၀၀ ရှိသည်။

၂၉ လမ်း အောက်ဘလောက်ရှိ ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ မြန်မာ့ ရွှေဈေးတက်တာ ကတော့ ကမ္ဘာ့ ရွှေဈေးတက်လို့ တက်တာပါ။ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁,၁၄၀ ဒေါ်လာကနေ တစ်အောင်စကို ၁,၁၈၅ ဒေါ်လာ အထိ တက်လာတယ်။ Bloomberg မှာ ခန့်မှန်းထားချက်အရ ဆိုရင် ရွှေဈေး က ဆက်တက်နိုင်တဲ့ အနေအထားမှာ ရှိတယ်’’ ဟု ပြောသည်။

ကမ္ဘာ့နိုင်ငံတချို့ တွင်စီးပွားရေး အေးစက်လာခြင်း၊ အမေရိကန်မှ ဘဏ်တိုးနှုန်း တက်မယ်ဆိုပြီး ဘဏ်တိုးနှုန်း မတိုးနိုင်သေးခြင်း စသည့် အချက်များကြောင့် ကမ္ဘာတွင် ဒေါ်လာဈေး ပြန်ပျော့လာကာ ရွှေဘက်ကို ပြန်လှည့်လာသည့် အတွက် ရွှေဈေး ပြန်လည် ဦးမော့လာခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေဘုံသာရှိ ရွှေဝယ် ရောင်းတစ်ဦးက “ ရွှေဈေးကတော့ အခုအနေအထား အရတော့ ထပ်တက်နိုင်တဲ့ အနေအထား မှာ ရှိနေတယ်’’ ဟုပြောသည်။
အောက်တိုဘာ ၁၅ ရက် ညနေဘက်တွင် အခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်သားကို ကျပ် ၈၀၀,၀၀၀၊ ကမ္ဘာ့ ရွှေဈေး တစ်အောင်စကို ၁,၁၈၅ ဒေါ်လာ၊ အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေး ကျပ် ၁,၂၈၆ ဖြင့် ဈေးပိတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.