Local
ယခုနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျောက်မျက်ရတနာ အထူးကုန်စည်ခွန်ကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံမည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ကျောက်မျက်ရတနာ အထူးကုန်စည်ခွန်ကို ၂၀၁၉ ခုနှစ်တွင် ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ဖော်ပြခဲ့သည်။
အဆိုပါ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ်ပြောင်းလဲ ကောက်ခံရာတွင် စျေးကွက်၌ ရောင်းချသည့် တန်ဖိုးပေါ်တွင် အခြေပြုပြီး အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင် အထူးကုန်စည်ခွန်အဖြစ် ကျောက်စိမ်းအရိုင်းထည်များကို ၁၅ ရာခိုင်နှုန်းမှ ယခု ၁၁ ရာခိုင်နှုန်းအားလည်းကောင်း၊ ယခင် စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်းမှ ယခု ၉ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။ ကျန်ရှိသော စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များစွဲကပ်ထားသည့် လက်ဝတ်ရတနာ အချောထည်များကို ၅ ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်ထားသော ပစ္စည်းများကို ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)