Local
အကောက်ခွန် ဦးစီးဌာနမှ နေ့စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း အစား အပတ်စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း သတ်မှတ်၍ ပြောင်းလဲ အသုံးပြုသွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အကောက်ခွန် ဦးစီးဌာနမှ အခွန်အရပ်ရပ် စည်းကြပ် တွက်ချက်မှု အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နေ့စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း အစား အပတ်စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ်၍ ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
အဆိုပါစနစ်ကို ဧပြီလ ၁ ရက်မှ စတင်၍ အသုံးပြုသွားရန် လျာထားကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ယာပုံ) ၏ နိုင်ငံခြား ငွေလဲလှယ် နှုန်းမှာ နံနက် ၉ နာရီခွဲမှ ငွေလဲလှယ်နှုန်း စတင် သတ်မှတ်ခြင်း ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိသာ ငွေလဲလှယ်နှုန်း သတ်မှတ်ပေး သဖြင့် ၂၄ နာရီ ကြိုတင်ငွေခွန် ဆောင်ရွက်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ အပတ်စဉ် ငွေလဲလှယ်နှုန်းကိုလည်း တစ်ပတ်ကျော် သတ်မှတ်၍ ကြိုတင် ကြေညာပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)