Connect with us

Local

အကောက်ခွန် ဦးစီးဌာနမှ နေ့စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း အစား အပတ်စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း သတ်မှတ်၍ ပြောင်းလဲ အသုံးပြုသွားမည်

မြန်မာကျပ်ငွေများနှင့် အမေရိကန်ဒေါ်လာများ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အကောက်ခွန် ဦးစီးဌာနမှ အခွန်အရပ်ရပ် စည်းကြပ် တွက်ချက်မှု အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နေ့စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း အစား အပတ်စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ်၍ ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

အဆိုပါစနစ်ကို ဧပြီလ ၁ ရက်မှ စတင်၍ အသုံးပြုသွားရန် လျာထားကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ယာပုံ) ၏ နိုင်ငံခြား ငွေလဲလှယ် နှုန်းမှာ နံနက် ၉ နာရီခွဲမှ ငွေလဲလှယ်နှုန်း စတင် သတ်မှတ်ခြင်း ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိသာ ငွေလဲလှယ်နှုန်း သတ်မှတ်ပေး သဖြင့် ၂၄ နာရီ ကြိုတင်ငွေခွန် ဆောင်ရွက်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ အပတ်စဉ် ငွေလဲလှယ်နှုန်းကိုလည်း တစ်ပတ်ကျော် သတ်မှတ်၍ ကြိုတင် ကြေညာပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117