Connect with us

Local

အမေရိကန်-မြန်မာ ကုန်သွယ်မှု နှင့် ရင်းနှီးမြှပ်နှံမှု အလားအလာ ကောင်းမွန်သော အနာဂတ်များရှိ

အမေရိကန်ကုန်သည်များအသင်း အရှေ့တောင်အာရှညွှန်ကြားရေးမှူး Mr. John Goyer (မစ္စတာဂျွန်ဂိုရာ) အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ နှင့် အလားအလာ ကောင်းမွန်သော ကုန်သွယ်မှု နှင့် ရင်းနှီးမြှပ်နှံမှု အနာဂတ်များရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်၌ ယနေ့ကျင်းပခဲ့သည့် U.S Myanmar Commercial Relations The Next Phase ကွန်းဖရင့်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး Mr.Scot Marciel (မစ္စတာ စကော့မာရှယ်) က “အမေရိကန် အနေနဲ့ မြန်မာ နိုင်ငံပေါ်မှာ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ပေးဖို့လဲ ဆက်လက် သုံးသပ်ဆောင်ရွက်သွားမှာပါ။
မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြီုးမှု ကိုလဲ အားပေးဆောင်ရွက်မှာပါ။အမေရိကန် ကုမ္ပဏီ တွေအနေနဲ့ မြန်မာနိုက်ငံရဲ့ စိုက်ပျိုးစီးပွား ကဏ္ဍကို အထူးစိတ်ဝင်စားပါတယ်။မြန်မာ နိုင်ငံရဲ့ လျှပ်စစ် ပို့ဆောင်ရေး ဆက်သွယ်ရေး ကဏ္ဍတွေ ကလဲ အမေရိကန် ကုမ္ပဏီ တွေအတွက် အခွင့်အလမ်းရှိတဲ့ ကဏ္ဍတွေလို့မြင်ပါတယ်။ လက်ရှိမှာ အမေရိကန်က ဖယ်ရှား ဖို့ကျန်ရှိတဲ့ ပိတ်ဆို့မှုတွေကလဲ မြန်မာ့စီးပွားရေးကို နှောင့်နှေးစေမယ့် ဟာမျိုးမဟုတ်ဘဲ လူပုဂ္ဂိုလ် အချို့ပေါ်မှာသာ ထားတဲ့ဟာတွေဖြစ်ပါတယ်။’’ ဟုပြောသည်။

အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး Mr.Scot Marciel (မစ္စတာ စကော့မာရှယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

ကုန်သည်စက်မှုအသင်းချုပ်၌ ယနေ့ကျင်းပခဲ့သည့် U.S Myanmar Commercial Relations The Next Phase ကွန်းဖရင့် ပွဲမြင်ကွင်း (ဆင်ဟွာ)
ကွန်ဖရင့်တွင် အမေရိကန်ကုန်သည်များအသင်း အရှေ့တောင်အာရှညွှန်ကြားရေးမှူး Mr. John Goyer (မစ္စတာဂျွန်ဂိုရာ) ကအသင်း၏ အမေရိကန်-မြန်မာဆိုင်ရာ ကြေညာစာ (White Paper) အားတင်ပြခဲ့ခြင်း ဖြစ်သည်။
အမေရိကန်စီးပွားရေး အသိုင်းအဝိုင်း အနေဖြင့် မြန်မာ့ဈေးကွက်စီးပွားရေးစနစ်ပွင့်လင်းလာရန် နှင့် နိုင်ငံတကာ အဆင့်မီဖြစ်လာရန် လက်တွဲဖော်အဖြစ် အပြည့်အဝထောက်ပံ့သွားမည်ဖြစ်ကြောင်း မစ္စတာ ဂျွန်ဂိုရာ ကဆိုသည်။
အမေရိကန်ကုန်သည်များအသင်းမှ ထုတ်ပြန်သည့်ကြေညာစာတွင် အမေရိကန် နိုင်ငံဥပဒေအရ မြန်မာနိုင်ငံအပေါ် ပြဌာန်းထားသည့် အရေးယူပိတ်ဆို့မှုများအား ရုပ်သိမ်းပေးရန် အကြံပြုထားကြောင်း၊ အခွန်သက်သာကင်းလွတ်ခွင့်အပါအဝင် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးအပ်ရန် နှင့် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုအပြင် နည်းပညာ နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုများ ပေးအပ်ရန် အတွက်ပါ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ ကျွန်တော်တို့ရဲ့ပန်းတိုင်ကတော့ အရေးယူပိတ်ဆို့မှုတွေ အလုံးစုံရုပ်သိမ်းသွားဖို့နဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးတွေ ပြန်လည်ရရှိဖို့ပါ’’ ဟုပြောသည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၇ သန်း နှင့် မြန်မာနိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၄သန်း ရှိခဲ့ပြီး မြန်မာအစိုးရမှ ခွင့်ပြုထားသည့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၄၀ သန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် နှင့် အမေရိကန်ကုန်သည်များအသင်း စကာၤပူရုံးခွဲတို့ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ယနေ့ကျင်းပသည့် ကွန်ဖရင့်သို့ အမေရိကန် ကုမ္ပဏီပေါင်း ၃၅ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.