Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-MIC)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၁၁) ဦးနှင့် ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ထဲတွင် ဥက္ကဋ္ဌအဖြစ် ဦးကျော်ဝင်း ပြည်ထောင်စုဝန်ကြီး (စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန) ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဒေါက်တာသန်းမြင့် ပြည်ထောင်စုဝန်ကြီး (စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အတွင်းရေးမှူးအဖြစ် ဦးအောင်နိုင်ဦး ညွှန်ကြားရေးမှူးချုပ် (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန) ၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ဒေါ်မြသူဇာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ၊ (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန) တို့အား တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.