Connect with us

Local

အထည်ချုပ် လုပ်ငန်းများကို ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ပြည်ပသို့ တင်ပို့ရာတွင် အခွန် ကင်းလွတ်ခွင့် ရရေး ဆောင်ရွက်

အထည်ချုပ်လုပ်ငန်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အထည်ချုပ် လုပ်ငန်းများကို လက်ခစား စနစ် (CMP) မှ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် စနစ် (FOB) ဖြင့် ပြည်ပနိုင်ငံများသို့ ထုတ်လုပ် တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့် ရရှိရေး ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စား အထည်ချုပ် လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အတိုးနှုန်း သက်သာစွာ ချေးငွေ ထုတ်ပေးနိုင်ရန်နှင့် CMP လုပ်ငန်းများ FOB စနစ်ဖြင့် ပြောင်းလဲ လုပ်ကိုင်နိုင်ရန် အထည်ချုပ် လုပ်ငန်းများကို စစ်တမ်းတစ်ခု ကောက်ယူနေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။
FOB စနစ် အကောင်အထည် ဖော်ရန်အတွက် ပြုစုထားသည့် စာတမ်း၌ FOB စနစ်ဖြင့် ချုပ်လုပ်ရန်၊ ပြည်ပမှ တင်သွင်းလာသည့် ကုန်ကြမ်းများကို အခွန် ကင်းလွတ်ခွင့် ပေးရန်၊ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသည့် ကုန်ကြမ်းများကို အကောက်ခွန် ဦးစီးဌာနက ထိန်းချုပ်ထားရန်၊ ပြည်ပမှ ဝယ်ယူမည့် ကုန်ကြမ်းများကို အကြွေးဝယ် စနစ် (L/C) ဖြင့်ဝယ် ယူနိုင်ရန်နှင့် ပြည်ပရှိ ဘဏ်များနှင့် မြန်မာနိုင်ငံမှ ဘဏ်များ ချိတ်ဆက်ထားရန် လိုအပ်ကြောင်း တို့ကိုပါ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
မြန်မာ့ အထည်ချုပ် လုပ်ငန်းသည် ဂျပန် ဈေးကွက်နှင့် တောင်ကိုရီးယား ဈေးကွက်တို့ကို အဓိက အားထား နေရကြောင်း၊ တရုတ် (တိုင်ပေ) ၊ တရုတ် ၊ မလေးရှား ၊ တူရကီနှင့် ဂျာမနီနိုင်ငံ တို့မှ မြန်မာ့ အထည်ချုပ် လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.