Local
အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် အား ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာ တည်ပြီး အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် Myanmar Companies Online “MyCO” ကို စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ အသိပေးကြေညာချက်ထုတ်ပြန်သည်။
Myanmar Companies Online “MyCO” အား စတင်ကျင့်သုံးမည်ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုမ္ပဏီရေးရာဌာနခွဲအနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ (တနင်္လာနေ့) မှ စ၍ ဇူလိုင်လ ၃၁ ရက်နေ့ (အင်္ဂါနေ့) အထိ လုပ်ငန်းများ ခေတ္တရပ်နားထားမည် ဖြစ်ပြီး ကုမ္ပဏီ ဆိုင်ရာ မှတ်ပုံတင် လုပ်ငန်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် “MyCO” နှင့် အတူ ပြန်လည်ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ပါရှိသည်။ (Xinhua)