Connect with us

Local

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်မှု ၁၃၀၀ ကျော်ရှိ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် ဖြင့် မှတ်ပုံတင်မှု စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO)  ဖြင့် မှတ်ပုံတင်မှု ၁၃၇၈ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင်၊ဝင်ငွေရတဲ့အလုပ်တစ်ခုလုပ်မယ်ဆိုရင် MyCOစနစ်နဲ့ မှတ်ပုံတင်ရမှာပါ။ ဒီနေ့မှာမှတ်ပုံတင်တဲ့ ကုမ္ပဏီစုစုပေါင်း ၁၇ ခုရှိတယ်။ အွန်လိုင်းစနစ်ဖြစ်တဲ့ အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အဆင်ပြေမှုရှိပါတယ်’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၃ ရက်တွင်ပြောသည်။

MyCO စနစ်ဖြင့် မှတ်ပုံတင်ထားရှိမှုမှာ သြဂုတ်လတွင် ၁၅၅၁ ခုရှိခဲ့ကြောင်း၊ သြဂုတ်လနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် မှတ်ပုံတင်မှုလျော့ကျသွားကြောင်းဆိုသည်။

MyCO စနစ်ဖြင့် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အကယ်၍ နှစ်စဉ်အစီရင်ခံစာတင်ပြရမည့်ရက် ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ MyCO တွင် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို  ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကျင့်သုံးခဲ့ကြောင်း၊ ယနေ့အထိ MyCo စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီစုစုပေါင်း ၆၈,၁၁၁ ခုရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua)