Connect with us

Local

အွန်လိုင်း ရှယ်ယာ အရောင်းအဝယ်စနစ် ရန်ကုန်စတော့အိတ်ချိန်း၌ စတင်နိုင်ရန် စီစဉ်

ရန်ကုန်စတော့အိတ်ချိန်း၌ စတော့ဈေးနှုန်းများဖွင့်လှစ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိတ်ချိန်း၌ အွန်လိုင်းရှယ်ယာ အရောင်းအဝယ်စနစ်ကို လာမည့် ခြောက်လအတွင်း စတင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါစနစ်မှာ ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ် ပြုလုပ်နိုင်မည့် Online Trading စနစ်ဖြစ်ကြောင်း၊ အဆိုပါ အွန်လိုင်းစနစ်ပြီးမှသာ တစ်နေ့နှစ်ချိန် အရောင်းအဝယ်အစီအစဉ်မှ လေးချိန်အထိတိုး၍ ဆောင်ရွက်မည့် အစီအစဉ်ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထိုစနစ်အတွက် လုံခြုံရေး ကုမ္ပဏီများ၏ ကုမ္ပဏီအတွင်း ဆောင်ရွက်ထားမှု အခြေအနေများကို စိစစ်နေပြီး လုံခြုံရေး ကုမ္ပဏီခြောက်ခုအနက် နောက်ဆုံးကုမ္ပဏီကို စိစစ်နေပြီဖြစ်ကြောင်း သိရသည်။ Online Trading စနစ်ကို ကုမ္ပဏီများ အဆင်သင့်ဖြစ်မှုအပေါ် မူတည်၍ ခြောက်လအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.