Connect with us

Local

ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ အား ရန်ကုန်မြို့ ရှိ မြန်မာ ကွန်ဗန်းရှင်းစင်တာ(MCC) တွင် ကျင်းပပြုလုပ်မည်

၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ သတင်းစာ ရှင်းလင်းပွဲ မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ ကို စက်တင်ဘာ (၁၅) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗန်းရှင်းစင်တာ(MCC) တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယနေ့နံနက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ရုံးတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ မှ သိရှိခဲ့ရသည်။

သတင်းစာရှင်းလင်းပွဲ သို့ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်စား စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဝန်ကြီး ဦးမြင့်သောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် ကောင်စစ်ဝန်ရုံး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ တရုတ် ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ နှင့် အသင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တရုတ် ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

နိုင်ငံ တရုတ်ကုန်သည်များအသင်း မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ရွှေစင် က ရှင်းလင်း တင်ပြ နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ်ကုန်သည်များအသင်း နာယက ဦးကျော်အောင် က ကျေးဇူးတင် စကားပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ က အဖွင့်အမှာစကား ပြောကြားရာတွင် “မြန်မာ နိုင်ငံ အနာဂတ် လှပဖို့ အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်ဖြင့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ ကို မြန်မာ နိုင်ငံ တရုတ် ကုန်သည်များအသင်း က ကြီးမှူး၍ ကျင်းပခြင်း ဖြစ်ကြောင်း ၊ ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ ၏ ရည်ရွယ်ချက် မှာ ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေး နှင့် ကိုက်ညီရန် ဒေသစီးပွားရေး တိုးတက်ရေး ကို တွန်းအားပေး စေလိုခြင်း ဖြစ်ပြီး နိုင်ငံတကာ မှ တရုတ် လူမျိုး ကုန်သည်များ အကြား ပူးပေါင်းဆောင်ရွက်ရန် အတွက် ပေါင်းကူးတံတား ဖြစ်စေခဲ့ကြောင်း ၊ ညီလာခံ အတွင်း စက်မှု စီးပွား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးခြင်း ၊ လုပ်ငန်းအကောင်အထည်ဖော် ပဋိဉာဉ်စာချုပ် ချုပ်ဆိုခြင်း နှင့် လူမှုရေး ကူညီလှူဒါန်းငွေ များလှူဒါန်းခြင်း များကို လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က အမှာစကား ပြောကြားရာတွင် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ သည် နိုင်ငံ အသီးသီး မှ တရုတ် လူမျိုး ကုန်သည် များ တက်ရောက်ကြမည့် ဆွေးနွေးပွဲ တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံ အတွက်လည်း အခွင့်အလမ်းများ ရရှိစေမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ တွင် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ ကျင်းပ နိုင်မည်ကို သိရှိခဲ့ရချိန်တွင် လွန်စွာ ဝမ်းသာ ခဲ့ရကြောင်း ၊ ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ နှင့် အတူ မြန်မာ နိုင်ငံ သို့ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၃၀၀၀ ခန့် ရောက်ရှိလာမည် ဖြစ်ပြီး ဤအခွင့်အရေး ကို ကောင်းမွန်စွာ ရယူနိုင်ပါက ကမ္ဘာ့စီးပွားရေး တွင် ပိုမို ဝင်ဆန့်ထိုးဖောက် လာနိုင်မည် ဖြစ်ကြောင်း ၊ ညီလာခံ မှ ရရှိလာမည့် စီးပွားရေး အခွင့်အလမ်း များဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ကို ဖန်တီးသွားရမည် ဖြစ်ကြောင်း ၊ ညီလာခံ မှ တစ်ဆင့် မြန်မာ နိုင်ငံ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အဘက်ဘက် မှ ပါဝင်ကူညီသွားကြရန် ပြောကြားခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ တရုတ်ကုန်သည်များအသင်း မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ရွှေစင် မှ (၁၄) ကြိမ်မြောက် ကမ္ဘာ့ကုန်သည်များ ညီလာခံ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာ နိုင်ငံ တရုတ်ကုန်သည်များအသင်း နာယက ဦးကျော်အောင် က ကျေးဇူးတင် စကားပြောကြား ပေးခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ သည် “An opening Economy in Myanmar A new Epoch in Histry” ဟူသည့် ဆောင်ပုဒ် ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းစဉ်သစ်များ တိုးဖောက်ကြံဆ ဖော်ထုတ်ကာ ဒေသအသီးသီး နှင့် လိုက်လျောညီထွေ လက်တွေ့ကျမည့် စီးပွားရေး မဟာဗျူဟာများ ကို ညှိနှိုင်းတိုင်ပင် ချမှတ် သွားမည်ဖြစ်ကြောင်း ၊ ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ သည် ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသော စီးပွားရေး ဖိုရမ် တစ်ခု ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဇွန်လ ၌ ပထမ ဦးဆုံး အကြိမ်အား စင်္ကာပူ နိုင်ငံတွင် ကျင်းပ ခဲ့ကြောင်း ၊ ယခု အကြိမ်တွင် ပထမ ဦးဆုံး အကြိမ် မြန်မာ နိုင်ငံ တွင် ကျင်းပ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.