Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဩဂုတ်လအထိ စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၀ ဒဿမ ၂၃ သန်း ဖြစ်ပေါ်

မူဆယ်ရှိ နယ်စပ်ဂိတ်တစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊  အောက်တိုဘာလမှ  ဩဂုတ်လအထိ  စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၉၂၈ ဒဿမ ၀၇ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၀ ဒဿမ ၂၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမင်းမင်းက အောက်တိုဘာ ၁၆ ရက် တွင် ဆင်ဟွာသို့ပြောသည်။

“ကုန်သွယ်မှုလိုငွေမှာ သွင်းကုန်ကများတဲ့အတွက် လိုငွေဖြစ်တာဖြစ်တယ်။ အခုထိတော့နှစ်မကုန်သေးဘူး။ အင်ပို့က ပိုများတာက ရင်းနှီးမြှုပ်နှံမှု နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ စက်သုံးဆီတွေ တင်သွင်းရတယ်။ အဲ့ဒါတွေကြောင့် အင်ပို့ ပိုများတာဖြစ်တယ်။မြန်မာနိုင်ငံကကြတော့ လျှပ်စစ်စီမံကိန်းတွေလုပ်နေတော့ လျှပ်စစ်ပစ္စည်း တွေ၊ ဆေးဝါးတွေ၊ သွင်းအားစုတွေရှိတယ်။ အဲ့ဒါကြောင့် သွင်းကုန်ပိုများခဲ့တာဖြစ်ပါတယ်’’ ဟု၎င်းကရှင်းပြသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအထိ မြန်မာနိုင်ငံ ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၉၄၅ ဒဿမ ၉၄ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂၇၂ ဒဿမ ၉၈ သန်းနှင့် စုစုပေါင်းပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၂၁၈ ဒဿမ ၉၂ သန်းဖြစ်ပြီး ပုံမှန် သွင်းကုန်တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ  ၁၄၇၉၁ ဒဿမ ၆၂ သန်း၊  နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၁၇ ဒဿမ ၅၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုး မှာ  အမေရိကန်ဒေါ်လာ ၁၇၇၀၉ ဒဿမ ၁၅ သန်း ဖြစ်ကြောင်းသိရသည်။

“ဒီနှစ်မှာက ပို့ကုန်တွေက ပြီးခဲ့တဲ့ဘတ်ဂျက်နှစ်ထက်ပိုတင်ပို့နိုင်တယ်။ ဆန်တို့၊ဆန်ကွဲတို့ ပိုတင်ပို့နိုင်တယ်။ ပြောင်းလည်းပိုတင်ပို့နိုင်ခဲ့တယ်။ ရေထွက်တွေလည်း ပိုတင်ပို့နိုင်ခဲ့တယ်။နှစ်ချုပ်ရင်တော့ ကျွန်တော်တို့ ဘယ်လိုစာရင်းထွက်မလဲမသိပါဘူး။ ဒီသြဂုတ်လ မှာဆိုရင် ကုန်သွယ်မှုက ပိုငွေပြခဲ့ပါတယ်’’ ဟု ဦးမင်းမင်းက ဆက်ပြောသည်။  

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဩဂုတ်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုး မှာ  အမေရိကန်ဒေါ်လာ ၉၆၄ ဒဿမ ၁၆ သန်း၊  နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ   ၄၅၂  ဒဿမ ၁၄  သန်းနှင့်  စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၁၆ ဒဿမ ၃၀ သန်းဖြစ်ကြောင်း၊ ပုံမှန်သွင်းကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၁၃၁ ဒဿမ ၂၁ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၆ ဒဿမ ၈၅ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၀၈ ဒဿမ ၀၆ သန်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်၊   ဩဂုတ်လအတွက်   စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၂၄ ဒဿမ ၃၆ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၂၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.