Connect with us

Local

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု US ဒေါ်လာ ၂ ဘီလီယံကျော် ရရှိခဲ့

ရွှေတိဂုံစေတီ ရင်ပြင်တော်တွင် နိုင်ငံခြားခရီးသည်များလာရောက်လည်ပတ်နေစဉ် (ဆင်ဟွာ)

ရွှေတိဂုံစေတီ ရင်ပြင်တော်တွင် နိုင်ငံခြားခရီးသည်များလာရောက်လည်ပတ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနေဖြင့် ဟိုတယ်နှင့်ခရီးကဏ္ဍ မှ ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု US ဒေါ်လာ ၂.၅၅၇ ဘီလီယံရရှိအောင် ကြိုးပမ်းနိုင်ခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက တနင်္လာနေ့တွင်ပြောသည်။

၂၀၁၄ ခုနှစ်တွင် ခရီးသွားကဏ္ဍ သီးသန့်အနေဖြင့် နိုင်ငံခြား ခရီးသွားဝင်ရောက်မှုမှ ရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၁၃၅ ဘီလီယံ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၁၄ သန်း ဝင်ငွေ ရရှိခဲ့ သည်။

စီမံကိန်းပေါင်း ၄၆ ခု တွင် နိုင်ငံနှင့်ဒေသ ၉ ခုက ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး၊ စင်္ကာပူမှ အမေရိကန်ဒေါ်လာ ၁.၅၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကာ စင်္ကာပူ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး၊ ဗီယက်နမ်မှ US ဒေါ်လာ သန်း ၄၄၀ ရင်းနှီးမြှုပ်နှံမှုဖြင့် ဒုတိယနေရာတွင်ရှိကာ ထိုင်းနိုင်ငံမှ US ဒေါ်လာ ၃၃၉ သန်း၊ တရုတ်နိုင်ငံ ဟောင်ကောင် ဒေသအနေဖြင့် US ဒေါ်လာ သန်း ၁၅၀ နှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၆၂ သန်း ရင်းနှီးမြှုပ်နှံမှုရှိခဲ့သည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကဏ္ဍအနေဖြင့်လည်း ယခုနှစ်အတွင်း တိုးတက်မှုရှိခဲ့သည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင်များပိုင်ဆိုင်သည့် ဟိုတယ်၊ မိုတယ် နှင့် တည်းခိုခန်းပေါင်း ၁,၀၀၀ ကျော်ရှိသည်။

၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု ၃.၅ သန်းရှိပြီး ၂၀၁၃ ခုနှစ်နဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၄၉.၅ ရာခိုင်နှုန်း၊ US ဒေါ်လာ ၂.၀၄ သန်း တိုးတက်ခဲ့သည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)