Connect with us

Local

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ဧည့်သည် ၃ သန်းခန့် ရှိ

ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် နိုင်ငံခြားခရီးသည်များ အမှတ်တရ ပစ္စည်း ဝယ်ယူနေစဉ်(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် နိုင်ငံခြားခရီးသည်များ အမှတ်တရ ပစ္စည်း ဝယ်ယူနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တရားဝင်စာရင်းများအရ ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု ၃.၅ သန်း ရှိပြီး ယခင် ၂၀၁၃ ခုနှစ်ထက် ၄၉.၅ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဇန်နဝါရီလ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြောပြချက်အရ ၂၀၁၄ ခုနှစ်တွင် မြန်မာ ခရီးသွားကဏ္ဍ မှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၁၃၅ ဘီလီယံ စံချိန်တင်ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၁၄ သန်းသာ ဝင်ငွေရရှိခဲ့သည်။

နိုင်ငံ၏ GDP ၄.၂ ရာခိုင်နှုန်းသည် ခရီးသွားကဏ္ဍ မှ ရရှိသည်။ ထိုမှ အလုပ်အကိုင် ၆.၅ ရာခိုင်နှုန်း ဖန်တီးပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု တရှိန်ထိုး တိုးတက်လာပြီး ခရီးသွား လုပ်ငန်းများလည်း တိုးတက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ခရီးလုပ်ငန်းပေါင်း ၁,၆၂၃ ခုရှိသည်။

(၃၄) ကြိမ်မြောက် အာဆီယံ ခရီးသွားဖိုရမ်ကို မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၉ ရက်နေ့အထိ လက်ခံ ကျင်းပခဲ့သည်။ ဧည့်သည် ၁,၅၀၀ သည် နိုင်ငံပေါင်း ၄၀ မှ လာရောက်သည့် ဝန်ကြီးများ၊ အရာရှိကြီးများ ဖြစ်သည်ဟု ၎င်း ထုတ်ပြန်ချက်မှ သိရသည်။ (Xinhua)