Local
ကုန်သည်စက်မှုအသင်းချုပ် နှင့် CIESF တို့ ပူးပေါင်း၍ Myanmar Business Model ပြိုင်ပွဲကျင်းပမည်
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
စီးပွားရေးလုပ်ငန်းရှင် လူငယ်များ စနစ်တကျ မွေးထုတ်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းသစ်များ ဖော်ထုတ်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်လျက် ကုန်သည်စက်မှုအသင်းချုပ် နှင့် CIESF တို့ ပူးပေါင်း၍ Myanmar Business Model ပြိုင်ပွဲကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ပြိုင်ပွဲအား အဆင့်(၂) ဆင့်ခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး
Level 1 တွင် အသက်(၂၅) နှစ်အောက် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီၤး
ပထမဆု USD 1000 ဒုတိယဆု USD 400 တတိယဆု USD 200 စသည်ဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
Level 2 တွင်တော့ လုပ်ငန်းအတွ့အကြုံရှိ အသက်(၃၂) နှစ်အောက် လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပြီးပထမဆု USD 3000 ဒုတိယဆု USD 1000 တတိယဆု USD 500 ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဖွဲ့လိုက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး တစ်ဖွဲ့တွင်(၂) ဦးမှ (၃) ဦး အထိ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ အလားအလာကောင်းသည့် business model တွေကိုလဲ funding လုပ်ပေးဖို့လဲ ရှိကြောင်း သိရသည်။
၃၀.၁၁.၂၀၁၆ ရက်နေ့ နောက်ဆုံးထား၍ ပြိုင်ပွဲဝင်ပုံစံနှင့်အတူ Business Model Outline ပူးတွဲ လျက်ပေးပို့ရမည်ဖြစ်သည်။ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ကုန်သည်စက်မှုအသင်းချုပ်တွင် သတ်မှတ်ပုံစံများ ရယူပြီး ယှဉ်ပြိုင်မည့် Business Model အား PowerPoint Presentation နှင့်အတူ (၃၀.၁၁.၂၀၁၆) နေ့ နောက်ဆုံးထားပြီး ပေးပို့ရပါမည်ဖြစ်သည်။
ပြိုင်ပွဲနှင့်ပတ်သတ်သည့် အကြောင်းအရာများကို အသင်းချုပ်ရုံး၌ (၁၂.၁၁.၂၀၁၆) နှင့် (၁၉.၁၁.၂၀၁၆) ရက်နေ့ နေ့လည်(၂)နာရီတွင် ရှင်းလင်းပွဲများ (Orientation) ပြုလုပ်ပေးမှာ ဖြစ်သည့်အတွက်
ဝင်ရောက်ယှဉ်ပြိုင်မည့် မည်သူမဆို တက်ရောက်လေ့လာနိုငကြောင်း သိရသည်။ (Xinhua)