Local
Export/ Import လုပ်ငန်းများအား အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် နိုဝင်ဘာလတွင် စတင် ကျင့်သုံးမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများအား အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automatic Cargo Clear -ance System-MACCS)ကို နိုဝင်ဘာ ၁၂ ရက်တွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းများအား လက်ရှိကျင့်သုံးနေသော စနစ်ထက် ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်သော အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MACCS စနစ်သည် ပို့ကုန်သွင်းကုန် လုပ်ငန်းများဆောင်ရွက်ရာတွင် လူကိုယ်တိုင် အကောက်ခွန်ရုံးများသို့ သွားရောက်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည့် စနစ်ဖြစ်သည်။
လက်ရှိတွင် အဆိုပါစနစ်ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် လေဆိပ်များ၌ အသုံးပြုမည် ဖြစ်ပြီး နောက်ပိုင်းတွင် တခြားနယ်စပ်ဂိတ်များ၌လည်း အသုံးပြုနိုင်ရန် စီစဉ်ထားသည်။
ယင်းစနစ်သည် ၂၄ နာရီပတ်လုံး အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှု စနစ်များ အပါအဝင် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ကုန်စည် စီးဆင်းမှု အတွက်လည်း အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)