Connect with us

Local

မြန်မာ ပင်လယ်ငါးများကို တရုတ်နိုင်ငံ ဝယ်ယူရန် ကမ်းလှမ်းဟုဆို

မြန်မာ့ပင်လယ်ပြင်တွင်း ငါးဖမ်းလုပ်သားများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာ ပင်လယ်ငါးများကို လာမည့်နှစ်အတွင်း တရုတ်နိုင်ငံ ရေလုပ်ငန်းရှင်များက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံက ပင်လယ်ငါးများကို တရုတ်နိုင်ငံ ကုန်စည်ပြပွဲ၌ သွားရောက် ပြသစဉ် တရုတ်နိုင်ငံ ရေလုပ်ငန်းရှင်များက စိတ်ဝင်စားမှုရှိပြီး လာမည့် နှစ်အတွင်း ဈေးကွက်အသစ်အနေဖြင့် တရုတ်သို့ ပင်လယ်ငါးများ တင်ပို့ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပင်လယ်ငါးတင်ပို့မည့် အစီအစဉ်ကို ရေရှည်ဈေးကွက် တစ်ခုအဖြစ် ဖော်ဆောင်သွားမည် ဖြစ်ပြီး ပြည်တွင်းရေထွက်ကုန် ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ပြည်ပ၌ ကျင်းပသော ရေထွက်ကုန် ပစ္စည်းပြပွဲများသို့ သွားရောက်ပြသ၍ ပြည်ပ ဝယ်လက်များ ရရှိအောင်ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.